ယနေ့ နံနက်ပိုင်း တွင် မန်းရွှေမြို့တော် ခရီးသည်တင်
ယာဉ် လိုင်းမှ ခရီးသည်တင် ကားတစ်စီးသည် ရန်ကုန်-နေပြည်တော်အမြန်လမ်း ၁၂၅ မိုင်
၎ ဖာလုံတွင် အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၁ ဦး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း
၁၁၅ မိုင် ဖြူး ရဲစခန်းမှ ရဲအုပ် ၀င်းထွန်းအောင်ကပြောသည်။
အဆိုပါ ခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာခြင်းဖြစ်ပြီး
ခရီးသည် ၂၆ ဦးစီးနှင်းလိုက်ပါကြောင်းသ" ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိသလောက်ပဲ" ဟု၎င်းကပြောသည်။
လက်ရှိတွင် ထိခိုက်ဒါဏ်ရာ ရသူများအား ဖြူးဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ကုသနေ ကြောင်းရဲအုပ် ၀င်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။
From Aye Chan Mon fb
No comments:
Post a Comment