Thursday, May 30, 2013

ဂျပန်ဝန်ကြီးချုပ် လာရောက် ခြင်း၏ နောက်ဆက်တွဲ တစ်ဒေါ်လာ ကျပ် ၁ဝဝဝ အထိ မကြာမီရောက်နိုင်

ဂျပန်ဝန်ကြီးချုပ် လာရောက်လည်ပတ် ပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတို့ ပိုမိုခိုင်မာနိုင် သောကြောင့် ကန်တစ်ဒေါ်လာလျှင် ကျပ် ၁ဝဝဝ အထိ မကြာမီ ရောက်ရှိလာနိုင်သည်ဟု ဘဏ် လုပ်ငန်းပညာရှင် ဦးမျိုးဦးက သုံးသပ်သည်။


ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ ကြောင့် အမေရိကန်အပါအဝင် ဂျပန်စသည့် နိုင်ငံကြီးတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ ဝင် လာမည်ဖြစ်ရာ ထိုအပေါ်တွင် ကျပ်ငွေက အ ရေးကြီးလာမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်ဈေး ကျပ် ၁ဝဝဝ အထိရှိသွားနို င်ကြောင်း ၄င်းက သုံး သပ်ခြင်း ဖြစ်သည်။ ”အခုလည်း ကျပ် ၁ဝဝဝ နား နီးနေတာ ပဲ။ ဒီပမာဏကဖြစ်လာမှာပဲ”ဟု ၄င်းက ဆက် ဆိုသည်။
ကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်မှုနှုန်း ကျပ် ၈ဝဝ အောက်တွင် ပို့ကုန်လုပ်ငန်းရှင် အများစုထိခိုက်ခဲ့ရပြီး ထိုဂယက်ကြောင့် လယ် ယာနှင့် သားငါးကဏ္ဍအပေါ် ဆိုးရွားစွာရိုက် ခတ်ခဲ့ကြောင်း စက်မှု၊ လက်မှုလုပ်ငန်းရှင်အများ စုက ဆိုသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက ”ထိခိုက်တဲ့အတွက် အများ ဆုံးပိတ်လိုက်ရတဲ့စက်ရုံက ရေထွက်ပို့ကုန်စက် ရုံတွေပဲ” ဟု ဆိုသည်။လွှတ်တော်ဥက္ကဋ္ဌက ဒေါ်လာဈေး ကျပ် ၁ဝဝဝ ဖြစ်သင့်ကြောင်းဆိုခဲ့ရာ မြန်မာငွေအ စား ဒေါ်လာကိုင်ထားမှုများလာခြင်း၊ ဒေါ်လာ တက်ရိပ်ရှိနေသဖြင့် တက်ဈေးမမိစေရန် ကြို တင်ဝယ်ထားခြင်းများကြောင့် ဝယ်လိုအားတက် လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ ဝင်စပြု လာသဖြင့် ပုဂ္ဂလိကပိုင်းက စက်ယန္တရားများ အမြောက်အမြား တင်သွင်းမှုများလာသည့်အ တွက် ဒေါ်လာဝယ်လိုအား တက်လာခြင်းစသ ဖြင့် အကြောင်းများစုသွားသောကြောင့် ငွေ လဲနှုန်းမှာ ဆက်တိုက်တက်လာနေသည်။

from Popular Myanmar News Journal

No comments:

Post a Comment