ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်း လုပ်ငန်းလုံးဝရပ်တန့်စေရေးအတွက်
ရန်ကုန်မြို့မှ ဧရာဝတီမြစ်ဆုံ အထိလမ်းလျှောက်မည့်သူများကို
ငွေကြေးလှူဒါန်းရန်ကမ်းလှမ်းမှုများရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့ကို ငွေကြေးလှူဒါန်းဖို့ကမ်းလှမ်းလာတာတွေရှိပါတယ်။ မနက်ဖြန် (၁၁-၂-၁၄)ရက်နေ့မှာ အလှူရှင်နဲ့သွားတွေ့ဖို့ရှိပါတယ်” ဟု ရန်ကုန်မြို့မှ မြစ်ဆုံအထိ လမ်းလျှောက်မည့်အစီအစဉ်ကို အကောင် အထည်ဖော်ဆောင်ရွက်သူများထဲမှ တစ်ဦးဖြစ်သူ ကိုသီဟဖေဖော်ဝါရီ ၁၀ ရက်တွင် မဇ္ဈိမသို့ပြောသည်။
“လမ်းလျှောက်လိုသည်ဟု စာရင်းပေးထားသည့် အရေအတွက်မှာ ၅၀ ဦးခန့်ရှိပြီး ၊ ၄င်းတို့အထဲတွင် အမျိုး သမီးများလည်းပါဝင်သည်ဟု ကိုသီဟကပြောသည်။ လမ်းလျှောက်မယ့် အစီအစဉ်ကို ဖေဖော်ဝါရီလထဲမှာ ပဲစတင်နိုင်အောင် ကျွန်တော်တို့ကို ကူညီမယ့်ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်နေပါတယ်။
“လမ်းလျှောက်မယ့်ရက် အတိအကျကို မီဒီယာတွေကနေ ထုတ်ပြန်ပေးသွားမှာပါ။ မနေ့ကတော့ အလှူရှင် တစ်ယောက်က ပထမဦးဆုံးအနေနဲ့ ငွေကျပ် ၂၀၀၀၀ စလှူပါတယ်” ဟု ကိုသီဟကပြောသည်။
from >>Mizzima

No comments:
Post a Comment