Wednesday, February 12, 2014

သေမှုသေခင်းစစ်ဆေးရာမှ လူသတ်မှုပေါ်

၁၁.၂.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန် ပုဇွန်တောင်မြို့နယ်နေ ကိုနိုင်ထွဋ်ခိုင်မှာ အရက်မူးလျက်နေအိမ်သို့ပြန်လာရောက်ရှိကာ သတိလစ်သွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် လမ်း၌သေဆုံး သွားခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၄)
ရေးဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဆေးစစ်ဆေးချက်များအရ ယာဘက် နားထင်ပိုင်းဦးခွံရိုးကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး အခင်းဖြစ်နေ့ ၀၂၃၀ အချိန်ခန့်တွင်မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းတွင် သေဆုံးသူအား

မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်နေသူများဖြစ်သည့်
ကျော်ကြီး(ခ)အောင်ကျော်သန့်၊ ပြည့်ပြည့်(ခ)ပြည့်ဖြိုးမောင်၊
ကောင်းဇော်(ခ)ကောင်းဇော်ဇော်နှင့် ဗညား တို့(၄)ဦးမှ ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြသဖြင့် ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း
(ပ)၁၀၂/၂၀၁၄၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့်အရေးယူကာ
ပြစ်မှုကျူးလွန်သူ(၄)ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
from>>Yangon Police

No comments:

Post a Comment