၂၃၀ ကေဗွီ တောင်တွင်းကြီး -
ရွှေတောင် ဓာတ်အားလိုင်း၏ တာဝါတိုင် အမှတ်(၂၆၂)တွင် မြေပြိုမှုဖြစ်ပွား
ခဲ့သည့်အတွက် တာဝါတိုင်အမှတ်(၂၅၉) မှ (၂၆၃)အထိ ဓာတ်အားလိုင်း
အူကြောင်းပြောင်း ရွှေ့တည်ဆောက်ခြင်း (Line Diversion) လုပ်ငန်းကို
ဆောင်ရွက်ရန်အတွက် ၂၃၀ ကေဗွီ တောင်တွင်းကြီး-ရွှေတောင် ဓာတ်အားလိုင်းကို
၁၄-၂-၂၀၁၄ ရက်နေ့ နံနက် ၆ နာရီမှ ၁၇-၂-၂၀၁၄ ရက်နေ့ ညနေ ၆ နာရီ အထိ ဓာတ်အား
ပိတ်ရမည်ဖြစ်ရာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ကရင်၊
မွန်ပြည်နယ်များသို့ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနေမှု
လျော့နည်းသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ တိုင်းဒေသကြီးများနှင့်
ပြည်နယ်များတွင် အထက်ပါ နေ့ရက်များ၌ ဝန်အားသုံးစွဲမှု
အများဆုံးအချိန်များဖြစ်သော နံနက် ၈နာရီမှ ၁၁ နာရီအထိ ညနေ ၅ နာရီမှ ည ၁၁
နာရီအထိတို့တွင် အောက်ပါအတိုင်း ဓာတ်အားပိတ်၍ ဝန်အားလျှော့ချခြင်း (Load
Shed )ကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) ရန်ကုန်တိုင်းဒေသကြီး - ၂၅ မှ ၄၅ မဂ္ဂါဝပ်
( ခ ) ဧရာဝတီတိုင်းဒေသကြီး - ၅ မဂ္ဂါဝပ်
( ဂ ) ပဲခူးတိုင်းဒေသကြီး - ၉ မဂ္ဂါဝပ်
(ဃ) ကရင်+မွန်ပြည်နယ် - ၄ မဂ္ဂါဝပ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(က) ရန်ကုန်တိုင်းဒေသကြီး - ၂၅ မှ ၄၅ မဂ္ဂါဝပ်
( ခ ) ဧရာဝတီတိုင်းဒေသကြီး - ၅ မဂ္ဂါဝပ်
( ဂ ) ပဲခူးတိုင်းဒေသကြီး - ၉ မဂ္ဂါဝပ်
(ဃ) ကရင်+မွန်ပြည်နယ် - ၄ မဂ္ဂါဝပ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
from>>MOI Webportal Myanmar
No comments:
Post a Comment