
ခေတ်ရေစီးကြောင်းအရရော
ကိုယ်တိုင်ရောကြိုက်လို့ တက်တူး ထိုးတယ်။ ဒါပေမဲ့ သွားမှာစိန်တပ်
တာခေတ်စားပေမယ့် သင်ဇာက သွားမှာ စိန်ဘာလို့မတပ်တာလဲဆို တော့ အဲဒီစိန်တပ်တာက
အားမ ပေးဘူးမဟုတ်ပါဘူး။ အားပေးပါ တယ်။ ဒါပေမဲ့ တကယ့်စိန်တပ် တော့မယ်ဆို
သွားကိုထွင်းပြီးတပ်မှ ရမှာလေ။ ပြီးတော့ စိန်အစစ်က သံ ပရာရည်နဲ့မတည့်ဘူး။
အတူတူတွဲ သောက်ရင် သေတယ်ဆိုတော့ ပြုတ်ထွက်ပြီး ဗိုက်ထဲရောက်ရင် ရော
ဘယ်လိုလုပ်မလဲ။ ခန္ဓာကိုယ် ထဲမှာ တပ်တာတော့ မကြိုက်ဘူး။ တခြားသူတွေ
တပ်တာကိုတော့ မပြောလိုပါဘူး။ သင်ဇာကကျန်းမာ ရေးအရကြောင့်သွားမှာ စိန်မတပ်
တာလားဆိုတော့ ဟုတ်တယ်။ အရင်တုန်းကတော့ ပေါ်ကာစက ဖန်စီစိန်လေးတွေသွားမှာ
တပ်ဖူး တယ်။ ဒါပေမဲ့ ပြုတ်မလား၊ ပြုတ် မလားဆိုပြီး လျှာနဲ့ထိုးနေရတာက
အလုပ်တစ်ခုလေ။ အဲဒါကြောင့် မတပ်တော့တာ။ သင်ဇာချစ်သူမရှိ သေးဘူးဆိုတော့
မရှာတော့တာ လား၊ မရသေးတာလားဆိုတော့ ရှာမနေတော့ဘူး။ ကိုယ့်ဆီရောက်
လာတဲ့သူကိုပဲ အဆင်ပြေရင် ပြေ သလို တွဲလိုက်တော့မယ်။ ဘာလို့ လဲဆိုတော့
ချစ်သူထားမယ်ဆိုတဲ့ စိတ်မရှိတော့ဘူး။ ဒီအချိန်မှာ ကိုယ့် မိဘ၊
ကိုယ့်အနုပညာရှိနေရင် ပြည့် စုံတယ်။ အဲဒီနှစ်ခုနေရာမှာ နောက်
တစ်ခုရောက်လာရင် စိတ်ရှုပ်ရမှာ လေ။ အဲဒီအတွက် စိတ်ရှုပ်မခံတော့ ဘူး။ ရှိတဲ့
နှစ်ခုနဲ့ပဲရောင့်ရဲတင်းတိမ် ရမယ်။ သူများတွေက အချစ်က
ဒရာမာများတယ်ပြောကြတယ်။ သင်ဇာအတွက်ရောဆိုတော့ သင် ဇာအတွက်ဒရာမာများပါတယ်။
ပျော်ရတဲ့ အချိန်တွေလည်း ရှိသလို ဒရာမာဖြစ်တဲ့အချိန်တွေလည်း အ
များကြီးရှိတယ်။ အဲဒီလို ဘ၀မှာ ထပ်အဖြစ်မခံတော့ပါဘူး။
from>>8 DAYS A WEEK ENTERTAINMENT
from>>8 DAYS A WEEK ENTERTAINMENT
No comments:
Post a Comment