မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း
နည်းပြချုပ်ရာထူးအတွက် လျာထားခြင်းခံရသော ဆားဘီးယားလူမျိုး အေဗရာမိုဗစ်သည်
ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
အေဗရာမိုဗစ်သည် လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF နှင့် အပြီးသတ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အေဗရာမိုဗစ်သည် ကူဝိတ်လက်ရွေးစင်အသင်းကို ၂၀၀၂မှ ၂၀၀၃ ခုနှစ်အထိလည်းကောင်း၊ စင်ကာပူလက်ရွေးစင်အသင်းကို ဆယ်စုနှစ်တစ်ခုနီးပါးအကြာ ကိုင်တွယ်ခဲ့ပြီး အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ (Tiger ဖလား၊ ဆူဇူကီးဖလား) ပြိုင်ပွဲ၌ သုံးကြိမ် (၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂) ဗိုလ်စွဲအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ အေဗရာမိုဗစ်သည် ၂၀၁၂ ခုနှစ်အတွက် အာဆီယံဒေသတွင်း အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့နိုင်သူလည်းဖြစ်သည်။
from>>Eleven Media Group

No comments:
Post a Comment