ရန်ကုန်၊ ဖေဖော်ဝါရီ ၈ -နိုင်ငံခြားသားအမည် ပေါက်မြေမှာ
အထပ်မြင့်ဆောက်ဖို့ ခွင့်ပြု လိုက်ပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာ
ယာရေးကော်မတီမှ သိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ¯ပြည် ထဲရေးကနေ ဝိုင်စီ ဒီစီရဲ့ လုပ်ထုံးလုပ် နည်းဆောင်ရွက်ဖို့ ခွင့်ပြုပေးတယ်၊ အမှုတွဲ ၂၀ဝ ကျော်လောက်ရှိတယ်၊ နဂိုက နိုင်ငံခြားသားပိုင်မို့လို့ ရပ်ထားတယ်၊ အခု အရပ်စာချုပ်နဲ့ သုံးထပ်ဆောက်ခွင့် ပေး မယ်”လို့ ပြောပါတယ်။
အရင်က နိုင်ငံခြားသားအမည်ပေါက်မြေပေါ်မှာ အထပ်မြင့်ဆောက်ခွင့်မပေးခဲ့ ပေမဲ့ ယခုနှစ် ကစပြီး နိုင်ငံခြားသား အမည်ပေါက်မြေပေါ်မှာ သုံးထပ်ဆောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။
နိုင်ငံခြားသားပိုင်မြေတွေကို အထပ် မြင့်ဆောက်ဖို့ တင်ထားတဲ့အမှုတွဲ ၂၀ဝ ခန့်ရှိပါတယ်။
နိုင်ငံခြားသားပိုင် မြေနဲ့တင်ထားပြီး တည်ဆောက်ခွင့်ပါမစ် မရသေးတဲ့သူတွေအနေနဲ့ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အင် ဂျင်နီ ယာဌာန (အဆောက်အအုံ)ကိုလာ ရောက် ဆက်သွယ်ဆောင်ရွက်နိုင်တယ် လို့ သိရပါ တယ်။
မြန်မာနိုင်ငံက (တိုင်းရင်းသား) အမည် ပေါက် မြေပေါ်မှာ အထပ်မြင့်တည်ဆောက် မယ်ဆိုရင် ပိုင်ဆိုင်မှုမခိုင်မာတဲ့ အရပ်စာချုပ်နဲ့ ဝယ်ထားတဲ့ မြေဆိုရင် အထပ်မြင့် သုံးထပ်အထိ ဆောက်ခွင့်ပေးပါတယ်။ ပိုင်ဆိုင်မှုခိုင်မာရင်တော့ ရှစ်ထပ်ထိ ဆောက်ခွင့်ပေးပါတယ်။
အထပ်မြင့် ရှစ်ထပ်ထက် ကျော်ရင်တော့ အထပ်မြင့်ဌာနက စိစစ်ဆောင်ရွက်ပေးတယ်လို့ သိရ ပါတယ်။
from>> Kumudra

No comments:
Post a Comment