Wednesday, February 5, 2014

ဆိုချီအိုလံပစ်ကို နိုင်ငံရေးအဖြစ် သဘောမထားသင့်ဟုဆို

ရုရှားနိုင်ငံ ဆိုချီမြို့မှာ လာမယ့်နှစ်ရက်အတွင်း ကျင်းပပြုလုပ်တော့
မယ့် ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲကို နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကို ပြသတဲ့ ပြရုပ် တခုအနေနဲ့ အသုံးပြုတာကို ကန့်ကွက်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီက သတိပေး ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ Thomas Bach အနေနဲ့ အခုလိုပြောဆိုလိုက်တာဟာ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ဆောင်း
ရာသီ အိုလံပစ်ပြိုင်ပွဲကို ဝေးဝေးကနေရှောင်နေတယ်လို့ ပြောခဲ့တဲ့ အနောက်နိုင်ငံတွေက နိုင်ငံရေးခေါင်းဆောင်တွေကို ထိုးနှက် ပြောဆို
လိုက်တာဖြစ်ပါတယ်။အားကစားပြိုင်ပွဲတွေကို နိုင်ငံရေး သဘောထားကွဲလွဲမှု ပြရုပ်အနေနဲ့ အသုံးမပြုမှသာ ငြိမ်းချမ်းမှုရှိတဲ့ အားကစားပြိုင်ပွဲကို ကျင်းပပြု
လုပ်နိုင်မှာဖြစ်တယ်လို့ Thomas Bach ကဆိုပါတယ်။

အငြင်းပွားစရာဖြစ်နေတဲ့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကိစ္စနဲ့ လွတ်လပ်မှုကိစ္စတွေဖြစ်နေတဲ့ ကြားမှာပဲ အနောက်တိုင်းနိုင်ငံခေါင်းဆောင် တချို့က ဆိုချီမြို့မှာကျင်းပမဲ့ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် တချို့နိုင်ငံခေါင်းတွေကတော့ ဒီပွဲကိုတက်ရောက်ဖို့အတွက် ရုရှားအစိုးရက ဖိတ်ထားတာမရှိဘူးလို့ သိရပါတယ်။
from>Radio Australia - Myanmar

No comments:

Post a Comment