Friday, February 7, 2014

မလေးရှားနိုင်ငံတွင် သတ်ဖြတ်ခံရသူ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် ကိုအောင်ကြီးမှာ ရခိုင်အမျိုးသား ဖြစ်ကြောင်း သိရ

မလေးရှားနိုင်ငံတွင် သတ်ဖြတ်ခံရသူ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် ကိုအောင်ကြီးမှာ ရခိုင်အမျိုးသား ဖြစ်ကြောင်း သိရသည်။
ကိုအောင်ကြီးသည် အသတ်မခံရမီ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသော ဦးအေးသာအောင်နှင့် ဒေါက်တာ အေးမောင်တို့ ဦးဆောင်သော ရခိုင်ကိုယ်စားလှယ် အဖွဲ့အား လေဆိပ်တွင် လာရောက်ကြိုဆို တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ကားအရောင်းအ၀ယ် ကိစ္စတစ်ခုကြောင့် ချက်ချင်း ပြန်ထွက်သွားစဉ် အသတ်ခံခဲ့ရသည်ဟုဆိုသည်။

သူ၏ ဇနီးဖြစ်သူ မစုစုမြင့်မှ သူ့အား လူအချို့မှ ကားအရောင်းအ၀ယ်ရှိကြောင်း ဖုံးထဲမှ တဆင့် အကြောင်းကြားလာသဖြင့် ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်းတွင် ဖုံးအဆက်အသွယ်ပြတ်သွားခဲ့သည်ဟု ပြောသည်။

နောက်တစ်နေ့တွင် သူ့အလောင်းအား သူ့ကား၏ နောက်ဖုံးအောက်တွင် တွေ့ရှိခဲ့သည်ဟု သိရသည်။ သူ့အား ယနေ့တွင် သဂြိင်္ုလ်မည်ဟု သတင်းရရှိသည်။
from>>Narinjara

No comments:

Post a Comment