Written by: မင်းသိန်းနိုင်
ကျောက်တံတားမြို့နယ်တွင် သင်္ဘောသားနှင့် သက်ဆိုင်သည့် စာအုပ်၊ စာရွက်စာတမ်းများ၊ နိုင်ငံခြားသင်္ဘော ကုမ္ပဏီများ၏ တံဆိပ်တုံးများကို အတုပြုလုပ်ပြီး တရားမဝင် သင်္ဘောလိုင်းများနှင့် ချိတ်ဆက်ပို့ဆောင် ပေးနေသည့် အဖွဲ့တစ်ဖွဲ့၏ ရုံးခန်းအား အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ကျောက်တံတားမြို့နယ် ၈ ရပ်ကွက် ၃၉ လမ်းရှိ အမှတ် ၂ဝ၆ ခုနစ်လွှာနေ ဦးထွန်းဝင်း(ခ)နေထွန်း(၄၃)နှစ်နှင့်
အပေါင်းအပါများသည် သင်္ဘောသားနှင့် သက်ဆိုင်သော စာအုပ်၊ စာရွက်စာတမ်းများ
အတုပြုလုပ်ပြီး သင်္ဘောသားများထံမှ ငွေကြေးရယူကာ တရားမဝင် သင်္ဘောလိုင်းများကို
ချိတ်ဆက်၍ ပို့ဆောင်ပေးနေကြောင်း သိရသဖြင့် အဆိုပါ နေအိမ်ရုံးခန်းအား
ဝင်ရောက်ဖမ်းဆီး ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီး ရှာဖွေရာ ၎င်းအခန်း၌ အတုပြုလုပ်နေမှုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့အပြင် အတုပြုလုပ်ရာတွင် အသုံးပြုသော စာအုပ်မျက်နှာဖုံများ အတွင်းစာ ရွက်စာသားများ၊ ပုံစံစာရွက်များနှင့်အတူ ပူးတွဲအသုံးပြုသည့် လဝကဗီဇာ တံဆိပ်တုံးအတု၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တံဆိပ်တုံးအတုများ၊ ပနားမားတူးမြောင်းနှင့် ပြည်ပသင်္ဘော ကုမ္ပဏီအသီးသီးတို့တွင် အသုံးပြုသည့် တံဆိပ်တုံးအတုများ၊ ဆေးစာတံဆိပ်တုံး အတုနှင့် နိုင်ငံတော် တံဆိပ်ပါရှိသည့် အသားတံဆိပ်တုံး အတုများနှင့် အတုပြုလုပ်သည့် စာရေးကိရိယာများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဒီအမှုကိုတော့ စသုံးလုံးကပဲ စစ်ဆေးနေပါတယ်”ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ဖေဖော်ဝါရီ ၁၃ ရက်က ပြောကြားသည်။
ဦးထွန်းဝင်း(ခ)နေထွန်းအား ကျောက် တံတားမြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
from>>-Eleven Media Group
ကျောက်တံတားမြို့နယ်တွင် သင်္ဘောသားနှင့် သက်ဆိုင်သည့် စာအုပ်၊ စာရွက်စာတမ်းများ၊ နိုင်ငံခြားသင်္ဘော ကုမ္ပဏီများ၏ တံဆိပ်တုံးများကို အတုပြုလုပ်ပြီး တရားမဝင် သင်္ဘောလိုင်းများနှင့် ချိတ်ဆက်ပို့ဆောင် ပေးနေသည့် အဖွဲ့တစ်ဖွဲ့၏ ရုံးခန်းအား အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ကျောက်တံတားမြို့နယ် ၈ ရပ်ကွက် ၃၉ လမ်းရှိ အမှတ် ၂ဝ၆ ခုနစ်လွှာနေ ဦးထွန်းဝင်း(ခ)နေထွန်း(၄၃)နှစ်န
ထိုသို့ ဝင်ရောက်ဖမ်းဆီး ရှာဖွေရာ ၎င်းအခန်း၌ အတုပြုလုပ်နေမှုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့အပြင် အတုပြုလုပ်ရာတွင် အသုံးပြုသော စာအုပ်မျက်နှာဖုံများ အတွင်းစာ ရွက်စာသားများ၊ ပုံစံစာရွက်များနှင့်အတူ ပူးတွဲအသုံးပြုသည့် လဝကဗီဇာ တံဆိပ်တုံးအတု၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တံဆိပ်တုံးအတုများ၊ ပနားမားတူးမြောင်းနှင့် ပြည်ပသင်္ဘော ကုမ္ပဏီအသီးသီးတို့တွင် အသုံးပြုသည့် တံဆိပ်တုံးအတုများ၊ ဆေးစာတံဆိပ်တုံး အတုနှင့် နိုင်ငံတော် တံဆိပ်ပါရှိသည့် အသားတံဆိပ်တုံး အတုများနှင့် အတုပြုလုပ်သည့် စာရေးကိရိယာများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဒီအမှုကိုတော့ စသုံးလုံးကပဲ စစ်ဆေးနေပါတယ်”ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ဖေဖော်ဝါရီ ၁၃ ရက်က ပြောကြားသည်။
ဦးထွန်းဝင်း(ခ)နေထွန်းအား ကျောက် တံတားမြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
from>>-Eleven Media Group
No comments:
Post a Comment