Saturday, February 8, 2014

၂၀၁၄ ကမ္ဘာ့ဖလား တွင် အင်္ဂလန်နဲ့ အီတလွီဲဦးထွက်တွေ့ မည့် ဆောက်လုပ်စဲ ဘောလုံးကွင်းတွင် မတော်တဆမှုကြောင့် လုပ်သားတစ်ဦး သေဆုံး

ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပမည့် ဘရာဇီးရှိ ဆောက်လုပ်စဲ ဘောလုံးကွင်း တစ်ခု အနီးတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် ဆောက်လုပ်ရေး လုပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
Manau မြို့ရှိ Arena da Amazonia ဘောလုံးကွင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဘောလုံးကွင်း အမိုးတပ်ဆင်ရာတွင် အသုံးပြုသည့် ကရိန်းအား ဖြုတ်သိမ်းစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဘောလုံးကွင်း ဆောက်လုပ်မှုအား ကြီးကြပ်ရသော တာဝန်ရှိသူများကဆိုပြီး သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်နှင့် မည်ကဲ့သို့ သေဆုံးကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

သို့သော်လည်း ဒေသတွင်း ရုပ်သံ တစ်ခုဖြစ်သည့် Globo TV ကမူ သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ်ရှိ ပေါ်တူဂီနိုင်ငံသားတစ်ဦးဖြစ်ပြီး ကရိန်းမှ ပြုတ်ကျလာသော သံချောင်း တစ်ချောင်းနှင့် ဦးခေါင်းအား ရိုက်မိခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။

ထိုကွင်းအတွင်းနှင့် အနီးအနားတွင် မတော်တဆမှု များကြောင့် ဆောက်လုပ်ရေး လုပ်သားများ သေဆုံးမှုမှာ ၃ ဦးအထိရှိပြီဖြစ်သည်။ ထိုကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် အီတလီအသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားမည့် ကွင်းလည်းဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်မှုများနှင့် ပက်သက်၍ သတ်မှတ်ရက်အတွင်း အပြီးသတ်နိုင်ခြင်းမရှိသောကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဖိအားပေးခြင်းကို ခံနေရပြီး၊ ဘရာဇီးအမှတ်ပေးပြိုင်ပွဲများတွင် ပရိတ်သတ်များ သောင်းကျန်းခြင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုအား ဆန့်ကျင်သော ဆန္ဒပြမှုများ မကြာခဏဖြစ်ပွားခြင်းတို့ကြောင့် ပြိုင်ပွဲလုံခြုံရေးအတွက် နိုင်ငံတကာမှ စိုးရိမ် ပူပန်မှုများလည်းရှိနေသည်။

from>>:DailyMail

No comments:

Post a Comment