Wednesday, February 12, 2014

ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ ၅ရက်ကြာ ဈေးပွဲတော် ပြည်သူ့ရင်ပြင်တွင်ပြုလုပ်

 
ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကိုပါ အမှတ်တရရှိစေချင်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ၅ရက်ကြာမြင့်မယ့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၂ရက်နေ့က ပြည်သူ့ရင်ပြင်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

ဖျော်ဖြေရေး အစုံအလင်နဲ့ တင်ဆက်မှာဖြစ်ပြီး အိပ်မက်ဆုံရာ အစီအစဉ်က အဆိုတော်တွေနဲ့ နာမည်ကျော် လူရွှင်တော်တွေပါ ဈေပွဲတော်လာ ပရိသတ်တွေကို အခမဲ့ဖျော်ဖြေသွားမယ်လို့ ပွဲစီစသ်တဲ့ Neon Entertainment က ဆိုပါတယ်။

လူရွှင်တော် မေတ္တာဦးဆောင်တဲ့ သာဓုပါဗျာ အဖွဲ့က ဖေဖော်ဝါရီ ၁၃ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်တဲ့ မြန်မာနိုင်ငံကလေးများနေ့မှာ ဖျော်ဖြေဖို့ရှိပြီး ပြည်ထောင်စုနေ့မှာတော့ အသက် ၁၂နှစ်အောက် ကလေးငယ်တွေက တိုင်းရင်းသားတွေ သွေးစည်းညီညွတ်မှုကို ပြတဲ့ အကပဒေသာတွေကို တင်ဆက်ခဲ့ကြပါတယ်။
from>>Kamayut Media

No comments:

Post a Comment