ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီး မြို့နယ် ဥက္ကံ မြို့ပိုင် ပဲခူး ရိုးမ အနောက်ခြမ်းအ တွင်း တိုင်း သစ်တော ဦးစီး ဌာန၊ သစ်တောနှင့်
သစ်တော ထွက် ပစ္စည်းများ ဖမ်းဆီးရေး စခန်းအမှတ် (၄) တွင် သစ်မှောင်ခို
သမားများဟု ယူဆရ သူ လေးဦးက ဖေဖော်ဝါ ရီလ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အ
ချိန်တွင် ဝန်ထမ်း လေးဦးကို ဝါးတုတ်များ ဖြင့် ရိုက်နှက်ပြီး ယာယီ တဲများ၊
ဆိုင်ကယ်များနှင့် ဖုန်းများ ကိုပါ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဥက္ကံမြို့
သစ်တော တာဝန်ခံ တောအုပ်ကြီး ဦးမျိုးလွင်က ပြောကြား သည်။
ဝါးဖြူ မြောင်စခန်းတွင် သစ်တော တာဝန် ထမ်းဆောင် နေသော သစ်တော နေ့စား ဝန်ထမ်း ဦး ကျော်ဝင်းနိုင် အိပ်ပျော် နေစဉ် ဝါးတုတ်များ ဖြင့် ဝိုင်းရိုက် ကြရာ ထွက်ပြေးခဲ့ ရကြောင်း၊
၎င်း၏ ကျပ်ငါး သိန်းတန် လောဂျား အမျိုးအစား ဆိုင်ကယ်ကို လည်း မီးရှို့ ဖျက်ဆီး သွားကြောင်း၊ ဝါးဖြူမြောင် စခန်းနှင့်
နှစ်မိုင်ခန့် ဝေးသော ကျောက်ကုတင် ယာယီ စခန်းရှိ ဥက္ကံ သစ်တော ကြိုးဝိုင်း အမှတ် (၄၁) တာဝန်ခံ တောအုပ် ဦးမျိုးမြင့်စိုး နှင့် သစ်တော နေ့စား ကိုမျိုးသောင်း တို့ကိုလည်း ဝါးတုတ်များ ဖြင့် ထိုးကြိတ် ရိုက်နှက်သွားပြီး စခန်းရှိ ကျပ်နှစ်သိန်းတန် ဆိုင်ကယ်နှင့် ဖုန်းနှစ်လုံး ကိုလည်း မီးရှို့ဖျက်ဆီး သွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
သစ်တော ဝန်ထမ်း သုံးဦးကို တိုက်ခိုက်ပြီး မီးရှို့ကြ သူများမှာ ဖလုံး ဘူတာနေ ကိုဇော်မင်း၊ ဥတို ကျေးရွာနေ ကိုဖိုးဇော်၊ ကိုဝင်းရွှေနှင့် အမည်မ သိ အမျိုးသား တစ်ဦးတို့ဖြစ်ပြီး အဆိုပါ လေးဦးက သစ်လုံးများ တင်ဆောင်လာစဉ် သစ်ကား တစ်စီးလျှင် ဆက်ကြေး အဖြစ် ကျပ်လေး သောင်းမှ ငွေ လေးသောင်းခွဲ ပေးဆောင်ရ မည် ဆိုသောကြောင့် ခိုက်ရန် ဒေါသ ဖြစ်သည်ဟု ကြားသိ ရကြောင်း ဝါးခုတ်ရန် တက်လာ သည့် ဒေသခံ လှည်းသ မားများက ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် သစ်တော နေ့စား ဦးကျော်ဝင်းနိုင်မှာ ဦးခေါင်းညို ရောင်အန်း ပေါက်ပြဲ ဒဏ်ရာ၊ နယ်မြေခံ တောအုပ် ဦးမျိုးမြင့်စိုး မှာ ဝဲမျက်လုံး ဖူးရောင်နှင့် ခါးအတွင်း ဒဏ်ရာနှင့် သစ်တော နေ့စား ဦးမျိုးသောင်း ဝဲမျက်လုံး ဖူးရောင်၊ နားထင် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥက္ကံ ရဲစခန်း (ပ)၂၅/၂၀၁၄၊ ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၂/၄၃၆ ဖြင့် အမူဖွင့်ပြီး ထွက်ပြေး တိမ်းရှောင် နေသော ဖလုံး ဘူတာနေ ကိုဇော်မင်း၊ ဥတို ကျေးရွာနေ ကိုဖိုးဇော်၊ ကိုဝင်းရွှေ နှင့် အမည်မသိ ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ကို ရှာဖွေ စုံစမ်းလျက် ရှိကြောင်း ယင်းရဲ တပ်ဖွဲ့စခန်းထံမှ သိရသည်။
from>>The Voice

No comments:
Post a Comment