Tuesday, February 11, 2014

ဂျာမနီနှင့် ဂျပန်တွင် ခြေစမ်းကစားနိုင်ရန် မြန်မာယူ ၁၉ အသင်းနည်းပြ ဂတ်ဇီနှင့် ညှိနှိုင်းမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် သြဂုတ်လတွင် ကျင်းပမည့် အာရှယူ ၁၉ အမျိုးသား ဘောလုံးပြိုင်ပွဲ မတိုင်မီ ဂျပန်နှင့် ဂျာမနီနိုင်ငံတို့တွင် ခြေစမ်းကစားနိုင်ရန် မြန်မာယူ ၁၉ အသင်းနည်းပြ ဂတ်ဇီနှင့် ညှိနှိုင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးမိုးကျော်က ပြောကြားသည်။

အာရှအဆင့် ပြိုင်ပွဲ ဖြစ်သောကြောင့် ကစားသမားများ ပြည်ပပြိုင်ပွဲ အတွေ့အကြုံများ ရရှိစေရန် ယင်းသို့ စီစဉ်ထားခြင်းဖြစ်ရာ လက်ရှိအချိန်၌ ဂျာမနီနိုင်ငံသို့ ခေတ္တပြန်နေသည့် နည်းပြ ဂတ်ဇီ ပြန်ရောက်ပါက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာယူ ၁၉ အသင်းသည် ၂၀၁၃ ခုနစ် ဘောလုံးရာသီက အဆင့်လေး နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး လက်ရှိ အချိန်၌ ပြည်တွင်းနည်းပြ ဦးညီညီလတ် တာဝန်ယူထားသည့် မြန်မာယူ ၁၉အသင်းသည် နှစ်ပွဲ ယှဉ်ပြိုင် ပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲ သရေရလဒ်ကို ပိုင်ဆိုင်ထားသည်။

မြန်မာယူ ၁၉ အမျိုးသား ဘောလုံးအသင်းသည် ယခုနှစ် သြဂုတ်လတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ ၁၉ ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ရမည့်အပြင် စက်တင်ဘာလတွင်လည်း ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံယူ ၁၉ ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

from>>The Voice Weekly

No comments:

Post a Comment