Wednesday, February 12, 2014

အသက် ၁၈ နှစ်လောက် ပုံစံမျိုးတော့ ရိုက်လို့မရဘူး အေးမြတ်သူ

အသက်(၁၈)နှစ် လောက်ပုံစံမျိုးတော့ ရိုက်လို့မရ တော့ဘူး။ အေးမြတ်သူ အသက် (၂၈)နှစ်ဖြစ်ပြီလေ။ (၁ဝ)နှစ်ကြာ သွားတဲ့အချိန်မှာဖြတ်သန်းလာတဲ့ Life နဲ့မျက်လုံးတွေ၊ လူ့ရဲ့ဟန်ပန် အမူအရာတွေကမတူတော့ဘူး။ (၁၈)နှစ်မှာ အရမ်းလွတ်လပ်မယ်၊ ပေါ့ပါးမယ်၊ ဘယ်သူ့ကိုမှလူမထင် တာလည်းဖြစ်ရင်ဖြစ်မယ်။ မထီမဲ့ မြင်ပုံစံလည်းဖြစ်နိုင်တယ်။ အသက် (၂၈)နှစ်မှာ အရာရာအားလုံးကိုဆင် ခြင်နိုင်ပြီ၊ တွေးတောနိုင်ပြီ။ မျက်လုံး တွေရော၊ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ ရော၊ ကိုယ့်ရဲ့ဟန်ပန်လှုပ်ရှားပုံ၊ ကိုယ့်ရဲ့အသိဥာဏ်တွေ ကအစအား လုံးပြောင်းလဲ သွားတယ်။
အသက် (၁၈)နှစ်နဲ့အခုရောက်နေတဲ့ (၂၈) နှစ်ကိုတိုင်းတာကြည့်လိုက်တဲ့အခါ အရမ်းကွာခြားသွားတယ်။ အရင် တုန်းကတော့ မထီမဲ့မြင်ပုံစံမျိုး လောကကြီးကိုအရွဲ့တိုက်တဲ့မိန်းမ တစ်ယောက်ပုံစံမျိုးဖြစ်နိုင်ချေရှိ တယ်။ ငယ်ဂုဏ်လည်းရှိတာကိုး။ လူကငယ်ဂုဏ်ရှိတော့ လှတယ်ဆို တဲ့စိတ်လည်းရှိတော့ တစ်ခါတလေ လူတွေအားလုံးကိုမထီမဲ့မြင်ပုံလေး တွေရှိတတ်တယ်။ ခနဲ့တဲ့စိတ်ကူး လေးတွေရှိတယ်။ အဲဒါကမှားလား၊ မှန်လားအရှေ့မှာမသိသေးဘူး။ ဆယ်နှစ်စာဖြတ်သန်းတဲ့အခါကျမှ ခနဲ့တာဟာ ကောင်းလား၊ ဆိုးလား၊ မထီမဲ့မြင်လုပ်တာက ကောင်းလား၊ ဆိုးလား၊ လူတွေကရွဲ့နေတာက ကောင်းလား၊ ဆိုလားဆိုတာ ကိုယ် ကသိလာပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ Life ကများ လာပြီ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် စဉ်းစားတတ်လာတယ်။ တွေးခေါ် တတ်လာတယ်။

အဲဒီအတွက် လူ့ ရဲ့နေထိုင်ပြောဆိုပုံက အများကြီး ကွာခြားသွားတယ်။ အဲဒါကြောင့် လူတွေက မိန်းမတွေအသက်ကြီး ရင်ရင့်ကျက်လာကြတယ်လို့ပြော ကြတယ်။ အဲဒီစကားကို အေးမြတ် သူလက်ခံလို့ရတယ်။ အေးမြတ်သူ က အသက်(၃ဝ)မှာ မိန်းမတစ် ယောက်ဟာ တည်ငြိမ်ရင့်ကျက်မှုရှိ တယ်လို့ယူဆတယ်။ အသက်(၁၈) နှစ်လောက်မှာလှတာကငယ်လို့သာ ငယ်ဂုဏ်ရှိလို့လှတာ။ တကယ် Perfect လှတာက ၂၅၊ ၂၆၊ ၂၇ အဲဒီ ပတ်ဝန်းကျင်မှာလှတာက ပြီးပြည့် စုံတဲ့အလှလို့ယူဆတယ်။ အဲဒီလို အချိန်မှာ ကိုယ့်ရဲ့တွေးခေါ်မှုတွေ၊ စဉ်းစားမှုတွေအများကြီးရှိသေးတာ ကိုး။

from>>8Day

No comments:

Post a Comment