နိုင်ငံလေးနိုင်ငံမှ
အေးဂျင့်များနှင့်တိုက်ရိုက်ချိတ်ဆက်ကာ အလုပ်လျှောက်နိုင်မည့်
ပြည်တွင်းပြည်ပ အလုပ်အကိုင်ပြပွဲကို မတ်လ ၁ ရက်နှင့် ၂
ရက်နေ့တွင်ပြုလုပ်မည်ဟုသိရသည်။
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်သော ထိုပြပွဲကို MICT Park တွင် ပြုလုပ်မည်ဖြစ်ပြီး မလေးရှား ၊စင်ကာပူ ၊ဟောင်ကောင် ၊ထိုင်းနိုင်ငံတို့မှ အလုပ်သမားအေဂျင့်များနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည်ဟုသိရသည်။ လူနှစ်ထောင်ကျော်ကို အလုပ်အကိုင်ပေးနိုင်မည်ဖြစ်ပြီး တစ်ဖက်နိုင်ငံမှအေးဂျင့်များနှင့်တိုက်ရိုက် ချိတ်ဆက်အင်တာဗျူးနိုင်ခြင်းကြောင့် ပွဲစားခနှင့်အခြားမလိုအပ်သောကုန်ကျမူများလည်း သက်သာမည်ဟု MOEAF ဥက္ကဌ ဦးမင်းလိုင်ကပြောသည်။ "အလုပ်လိုချင်တဲ့သူတွေက
တစ်ရက်နေ့မှာအေဂျင်စီတွေကိုစာရင်းလာပေးထားရမယ် ၊ ကိုယ်သွားချင်တဲ့နိုင်ငံကိုပေါ့ ။နှစ်ရက်နေ့မှာ ရရှိထားတဲ့အချက်တွေနဲ့ အေးဂျင့်ရဲ့လိုအပ်ချက် တူတယ်ဆိုရင် အင်တာဗျူးမယ်။နှစ်ဖက်လုံးအတွက် အများကြီးအကျိုးရှိပါတယ်"ဟု ၄င်းကပြောသည်။ အဆိုပါပြပွဲသို့ စင်ကာပူမှအေးဂျင့် ၄၀ ကျော်၊ဟောင်ကောင်မှ အေးဂျင့် ၂၀ လာရောက်မည်ဖြစ်ပြီး ပြခန်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ပြသမည်ဟုသိရသည်။ အလုပ်လိုအပ်သူများ စာရင်းပေးသည့်အပေါ်မူတည်၍ ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာနမှ ခွင့်ပြုချက်မြန်မြန်ကျပါက ယခင်အချိန်များထက် လုပ်ငန်းပိုမိုမြန်ဆန်သွားမည် ဖြစ်ကြောင်း ၊၀န်ဆောင်ခများမှာမူ ယခင်သတ်မှတ်ထားသည့်အတိုင်းပင်ဖြစ်ကြောင်းသိရသည်။ အဆိုပါပြပွဲတွင် ပြည်ပအလုပ်အကိုင်သာမက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း ပါဝင်ပြသမည်ဟုသိရသည်။
from>>Popular Myanmar

No comments:
Post a Comment