နိုင်ငံတကာအဆင့်မီ
ကြယ်ငါးပွင့်ဟိုတယ်၊ Shopping Mall စီးပွားရေးအဆောက်အအုံနှင့် Service
Apartment လုပ်ငန်းများလုပ်ကိုင်ရန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(၀ င်းဟောင်း) နယ်မြေရှိ မြေခုနစ်ဧကကျော်အား BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီ ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်၏(၄/ ၂၀၁၄)အစည်းအဝေးတွင်
အဆိုပါလုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား
ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း မြေတိုင်းရပ်ကွက် အမှတ်(၆၃) နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(၀ င်းဟောင်း)နယ်မြေရှိ
မြေ ၇ ဒသမ ၄၂၇ ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်၊ Shopping
Mall ၊ စီးပွားရေးအဆောက်အအုံနှင့် Service Apartment
လုပ်ငန်းများလုပ်ကိုင်ရန် Adventure Myanmar Tour & Incentives Co.,Ltd
က လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု
ကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော
အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းင်းအဆိုပြုလွှာကို နေပြည်တော်ရှိ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ရုံးအဖွဲ့သို့လည်းကောင်း၊ ရန်ကုန်(ရုံးခွဲ)သို့လည်းကောင်း
သွားရောက်တင်ပြခြင်း၊ ပြည့်စုံသောအဆိုပြုလွှာကို နေပြည်တော်၌
အပတ်စဉ်ကျင်းပသည့် အဆိုပြုလွှာ စိစစ်ရေးအဖွဲ့(Proposal Assessment Team)
အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့အစည်းအဝေးမှ
အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ
တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့်အဆိုပြုလွှာနှင့် ပတ်သက်၍
ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့
သဘောထား၊ သက်ဆိုင်ရာဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊
သဘောထားမှတ်ချက်ပြည့်စုံပါက (MIC) အစည်းအဝေးသို့ အဆိုပြုချက်ကို
တင်ပြဆွေးနွေးခြင်း၊ (MIC) အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက
ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ရကြောင်း သိရသည်။
from>>EMG
ဇန်န၀ါရီ ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း မြေတိုင်းရပ်ကွက် အမှတ်(၆၃) နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(ဝ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ
from>>EMG
No comments:
Post a Comment