လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) သည် မြန်မာနိုင်ငံရှိ ထောင်များအတွင်း ၀င်ရောက်လေ့လာ ခွင့်အတွက် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံချိ န်တွင် တင်ပြဆွေးနွေးခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် သမ္မတနှင့်တွေ့ဆုံချိန်တွင်
မြန်မာနိုင်ငံသို့လာရောက်သည့် ရည်ရွယ်ချက်နှင့် ရပ်တည်ချက်များကို
သံခင်းတမန်ခင်းဖြစ် ဆွေးနွေးခဲ့ခြင်းဖြစ်ကာ အသေးစိတ် ဆွေး
နွေးသဘောတူညီချက်များကို ချမှတ်ခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။
“ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေးတာမရှိဘူး။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့တဲ့ အခါမှာ သူတို့ဘာသာ အသေးစိတ်ပြောလိမ့်မယ်။ ဥပဒေနဲ့ပတ်သက်တယ်ဆိုရင်လည်း သက်ဆိုင်ရာ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ရင် ပြောရမှာပါ”ဟု ဦးရဲထွဋ်က ပြောသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည်
မြန်မာနိုင်ငံတွင်း အခြေအနေများကို ယခင်လာရောက်ခွင့်မရ ချိန်ကတည်းက
လေ့လာလိုသည်ဆိုသော တောင်းဆိုမှုကြောင့် ယခုအခါ နိုင်ငံတာဝန်ရှိသူများက လာ
ရောက်လေ့လာခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် နိုင်ငံတော်သမ္မတနှင့်မတွေဆုံမီ တစ်ရက်အလိုတွင် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လည်း
တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်းရှိ တည်ဆဲဥပ ဒေများမှ လူ့အခွင့်အရေးနှင့်
ဆန့်ကျင်နေသောအချက်များကို ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့သည်။ အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ၎င်းတို့
ပူးပေါင်းဆောင်ရွက်ရေးအလား အလာတို့ကို ဆွေးနွေးခဲ့သေးသည်။
၈၈ မျိုးဆက်များနှင့် HRW တို့ ဆွေးနွေးခဲ့မှုနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ဦးမာကီးက “သူတို့ သမ္မတနဲ့ တွေ့တဲ့အခါမှာ ထောင်တွေထဲကို ၀င်လေ့လာနိုင်ဖို့၊ တည်ဆဲဥပဒေတွေထဲမှာ လူ့အခွင့်ရေးနဲ့ မကိုက်ညီ တဲ့ ဥပမာဆိုရင် ပုဒ်မ ၁၈ လို ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် ဒီလိုမျိုးတွေကို ဆွေးနွေးဖို့ ကြိုးစားသွား မယ်လို့ ပြောသွားပါတယ်”ဟု ဆိုသည်။
လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ သည်
နိုင်ငံတော်သမ္မတအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊
ပြန်ကြားရေးဝန်ကြီးဌာန၊ လွှတ်တော်မှ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၅
ရက်တွင် တွေ့ဆုံ ခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာေ ရးအဖွဲ့၏
ပြည်ပရေးရာ လက်ထောက်အမှုဆောင်အရာရှိ Carroll Bogert နှင့်အတူ အဖွဲ့ဝင် ၁၇
ဦးတို့သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်
သည်။
from>>Mizzima - News in Burmese
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ
“ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေးတာမရှိဘူး။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့တဲ့ အခါမှာ သူတို့ဘာသာ အသေးစိတ်ပြောလိမ့်မယ်။ ဥပဒေနဲ့ပတ်သက်တယ်ဆိုရင်လည်း သက်ဆိုင်ရာ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ရင် ပြောရမှာပါ”ဟု ဦးရဲထွဋ်က ပြောသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ
၈၈ မျိုးဆက်များနှင့် HRW တို့ ဆွေးနွေးခဲ့မှုနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ဦးမာကီးက “သူတို့ သမ္မတနဲ့ တွေ့တဲ့အခါမှာ ထောင်တွေထဲကို ၀င်လေ့လာနိုင်ဖို့၊ တည်ဆဲဥပဒေတွေထဲမှာ လူ့အခွင့်ရေးနဲ့ မကိုက်ညီ တဲ့ ဥပမာဆိုရင် ပုဒ်မ ၁၈ လို ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် ဒီလိုမျိုးတွေကို ဆွေးနွေးဖို့ ကြိုးစားသွား မယ်လို့ ပြောသွားပါတယ်”ဟု ဆိုသည်။
လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာေ
from>>Mizzima - News in Burmese
No comments:
Post a Comment