KIA ကချင်လက်နက်ကိုင်အဖွဲ့ဟာ အရင်က ပြည်နယ်အတွင်းနေထိုင်တဲ့ တိုင်းရင်းသား ပေါင်းစုံကိုလက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆက်ကြေးကောက်လူသစ်စုခဲ့ပေမဲ့ လမ်းပန်းဆက်သွယ်ရေး တွေတိုးတက်လာတဲ့ အချိန်မှာ ပုံစံတစ်မျိုးနဲ့ လုပ်လာပြန်ပါတယ်....
ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိတဲ့ KIA တပ်ရင်း(၁၂)ဟာ ရှမ်း/ ပလောင် စတဲ့ လူငယ် တွေကို မူးယစ်ဆေးဝါး/မက်မောလောက်တဲ့ ငွေကြေးနဲ့ လက်နက်တွေကိုင်ခိုင်းပြီး ဖေဖော်ဝါရီ (ပထမ)ပါတ် အတွင်းကစပြီး နန့်လင်းပါ၊
နန့်ကောက်၊ နန့်ဟန် ၊ ကောင်လွင် ၊ မိုင်းနောင် ၊ စီအူ ၊ စီခမ်းကြီးစတဲ့ ကျေးရွာတွေမှာရှိတဲ့ ဒေသခံရှမ်းလူငယ်တွေကို အဓိကထား လူသစ်စုဆောင်းနိုင်ဖို့ စည်းရုံးခိုင်းထားတယ်လို့ သိရပါတယ်....
KIA ရဲ့ဖျားယောင်းမှုတွေ အပေါ်သာယာပြီး ကိုယ့်လူမျိုး အချင်းချင်းလူသစ်စုဖို့ စည်းရုံး နေတဲ့ ရှမ်း/ပလောင်လူငယ်တွေရဲ့ ဘ၀ရှေ့ရေးကို ရင်လေးမိကြောင်းနဲ့ KIA ရဲ့ကောက်ကျစ်တဲ့ လုပ်ရပ်တွေကို ရှမ်းလူငယ်တွေ သိစေချင်ကြောင်း မံစီဒေသခံ တစ်ဦးကပြောပြသွားပါတယ်
from>.Kachin Land

No comments:
Post a Comment