ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့
တိုင်းရင်းသားတွေကောင်းစားရေးအတွက်ဆိုပြီး နိုင်ငံတော်အစိုးရကို
ဆန့်ကျင်တိုက်ခိုက်နေတဲ့ KIA ကချင် အဖွဲ့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေဟာ ပြည်နယ်အတွင်းနေထိုင်တဲ့ပြည်သူတွေအတွက် ရင်လေးစရာကောင်းလာပါပြီ.....
KIA တပ်ရင်း(၁၄)နယ်မြေ တနိုင်းမြို့နယ်အတွင်းက အင်ဂါးဂါးနဲ့ ပယင်းမှော် လမ်းပေါ်မှာ ရှိတဲ့ ဝေလော်ရွာအနီးမှာ KIA ထောင်ထားတဲ့ မိုင်းတစ်လုံးကို မနေ့က မနက် ၈ နာရီလောက်မှာ ဒေသခံရှမ်းလူမျိုးတစ်ဦး နင်းမိပေါက်ကွဲခဲ့လို့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်...
ဒဏ်ရာရခဲ့တဲ့လူနာကို KIA အနေနဲ့ ဆေးဝါးကုသပေးဖို့ထက် ဒေသခံတွေသိမှာစိုးရိမ်တဲ့ အတွက် တပ်ရင်းမှူးအဆင့်ရှိတဲ့ ဇော်တောင်က သူတို့ရဲ့ အင်ဂါးဂါးစခန်းမှာ ဆေးကုသမှုမပေးဘဲ ထိန်းသိမ်းထားဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်...
KIA ရဲ့ ဒီလိုလူမဆန်တဲ့ လုပ်ရပ်ဟာ တကယ်တော့ ရှမ်းလူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်နေတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသား ရေးရာအဖွဲ့က အမည်မဖော်လိုသူတစ်ဦးက ပြောပြသွားပါတယ် ....
ဒီလိုမျိုးတွေ အနိုင်ကျင့်မခံရအောင် ရှမ်းလူထုစည်းရုံးကြဘို့... KIA ကို လျှို့ဝှက်စွာ တစ်မျိုး၊ ပေါ်ပေါ်ထင်ထင်တစ်မျိုး တွန်းလှန်သွားကြဘို့ ဒေသခံများ စိတ်ဓာတ် တက်ကြွစွာ ပြောလျက်ရှိနေပါတယ်.....
from>>Kachin Land

No comments:
Post a Comment