ရှမ်းပြည်နယ် သီပေါမြို့နယ် မိုးတေကျေးရွာတွင် သစ်ကားပေါ်မှ ဆွဲချကာ RCSS/SSA အဖွဲ့၏ ဖမ်းဆီးခြင်းခံရ သော ကားသမားနှင့်
အလုပ် သမား(၅)ဦးအား ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကားပိုင်ရှင်မှ ငွေသိန်း
(၃၀)ပေး၍ ပြန်ရွေးခဲ့ရကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
``လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖမ်းသွားတာ ဒီနေ့ပြန်လွတ်လာကြတယ်။ ပိုင်ရှင်ကိုယ်တိုင်ငွေပေးပြီး ရွေးခဲ့ ရတာလို့ ပြောတယ်။ ဘယ်လောက်ပေး ခဲ့ရလဲတော့မသိဘူး´´ ဟု မိုးတေရွာသား အိုက်နွံက ပြောသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နမ္မတူဘက်မှ သီပေါဘက်သို့ မောင်းနှင် လာသော သစ်တင်ထားသည့် သရီး ကရောင်းယာဉ်အား RCSS/SSA အဖွဲ့မှ မိုးတေရွာထဲအရောက်တွင်တား၍ ကားသမား
သူရလင်းအပါအ၀င် အလုပ်သမား(၅)ဦးအား ရွာ၏ အနောက်ဘက်သို့ ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ သစ်ကားပိုင်ရှင်အား RCSS/ SSA အဖွဲ့ခေါင်းဆောင်
မှ ဖုန်းဆက်၍ ငွေတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
``သစ်ကားပိုင်ရှင်က ဒီညောင်ကိုးပင်ရွာကပါ၊ ရှမ်းစစ်တပ်က သူတို့တောင်းတဲ့ငွေ မပေးရင် ဖမ်းထားတဲ့(၅) ယောက်ကို ပြန်မလွတ်ပေးဘူး၊ တပ်နဲ့ရဲကို သတင်းပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့ လိုက်သွားတာ တော့ သိရတယ်။ ငွေဘယ်လောက်တောင်းလဲဆိုတာတော့ မသိဘူး´´ ဟု ညောင်ကိုးပင်ရွာမှ ဦးစိုင်းလုံက ပြောကြားခဲ့သည်။
RCSS/SSA မှ တောင်းသောငွေအား သစ်ကားပိုင်ရှင်သွားရောက်ပေးဆောင် စဉ် ပါလာသောငွေမှာ လူ(၅) ယောက် အတွက်သာ ဖြစ်ပြီး သစ်နှင့် သရီးကရောင်းကားအတွက် နောက်ထပ်ငွေပေးရန် ထပ်တောင်းသဖြင့် ပိုင်ရှင်မှ အမျိုးမျိုး တောင်းပန်သော်လည်း မရကြောင်း၊ မိုးတေရွာရှိ အသိမိတ်ဆွေတစ်ဦးထံမှယူကာ ပေးခဲ့ရ ကြောင်း သိရသည်။
``ဖမ်းထားတဲ့ လူ(၅)ယောက်အတွက် ၁၅ သိန်း၊ သစ်နဲ့သရီးကရောင်း ကားအတွက်က ၁၅ သိန်းပေးခဲ့ရတယ် လို့ ကြားတယ်။ အဲဒီကားပေါ်မှာက သစ် ၁ တန်တောင် မရှိပါဘူး၊ အခုလို လူဖမ်း၊ ကားဖမ်းပြီး ခြိမ်းခြောက်ငွေ တောင်းတာကတော့ ပြန်ပေးဆွဲတာနဲ့ အတူတူပဲလေ၊ ရှမ်းစစ်တပ်က ကျွန်တော်တို့ဒေသခံ ရှမ်းအချင်းချင်း အပေါ် အနိုင်ကျင့် ဓါးပြ တိုက်နေတဲ့ သဘောလည်း ဖြစ်နေတယ်။ ရွာထဲမှာတောင် ပေါ်ပေါ်ထင်ထင် ဖမ်းခေါ်ပြီး ငွေတောင်းတယ်ဆိုတော့ ဒေသခံပြည်သူတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်´´ ဟု သီပေါမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး က ပြောကြားသွားခဲ့သည်။
စိုင်းလူ
from>>Shan News

No comments:
Post a Comment