Friday, February 7, 2014

ကမ္ဘာ့ နာမည်အကြီးဆုံး အလှမယ်website ဖြစ်တဲ့ global beauties website ကြီးမှ ချီးမြှင့်

ကမ္ဘာ့ နာမည်အကြီးဆုံး အလှမယ်website ဖြစ်တဲ့ global beauties website ကြီးမှ ချီးမြှင့်တဲ့ ၂၀၁၃ ခုနှစ်ရဲ့ Miss Grand Slam ဆုကို Miss World 2013 Winner - ဖိလစ်ပိုင်မယ် Megan Young မှ ရရှိပြီး
Miss Grand Slam Popularity 2013 ဆုကြီးကိုတော့ မြန်မာနိုင်ငံမှ Miss Supranational Myanmar - ခင်ဝင့်ဝါက ရရှိပါတယ်...

ခင်ဝင့်ဝါဟာ ၂၀၁၃ခုနှစ်အတွင်း ကျင်းပသွားတဲ့ကမ္ဘာ့ အလှမယ်ပြိုင်ပွဲအားလုံးအနက် အလှမယ် (၁၀၀၀)ကျော်အပြင် Miss Universe 2013 ဆုရှင် Venezuela အလှမယ်၊ Miss Supranational 2013 နှင့် Miss International 2013 ဆုရှင်များဖြစ်ကြတဲ့ ဖိလစ်ပိုင်အလှမယ်များကိုပါ ဖြတ်ကျော်ပြီး စတုတ္ဘနေရာ ကို ရရှိခဲ့တဲ့အပြင် 2013 ခုနှစ်ရဲ့ လူကြိုက်အများဆုံးအလှမယ်ဆုကိုပါ ရရှိခဲ့တာလည်းဖြစ်ပါတယ်...
မြန်မာပရိသတ်များရဲ့ မျိုးချစ်စိတ်အပြည့်နဲ့  ချစ်ခင်အားပေးမှုကြောင့် မြန်မာအလှမယ်တစ်ဦး ကမ္ဘာ မှာ အထူးအောင်မြင်ကျော်ကြားရခြင်းဖြစ်ပါကြောင်း ကမ္ဘာ မှာထင်ရှားလာပြီဖြစ်တဲ့ မျိုးချစ်စိတ်နဲ့  မြန်မာ့အလှ သတင်းကောင်းလေးကို ကြေညာလိုက်ရပါတယ်ခင်ဗျာ...

Miss Grand Slam 2013 – Megan Young, Miss Philippines World
2nd place – Sancler Frantz, Miss Brazil World
3rd place – Patricia Rodriguez, Miss Spain Universe
4th place – Miss Supranational Myanmar
5th place – Venezuela, Miss Universe 2013 Winner

TOP 10

6th place – France World
7th place – Philippines, Miss Supranational 2013 Winner
8th place – Ghana World
9th place – Ecuador Universe
10th place – Latvia Supranational 
from>>ခင်ဝင့်ဝါ-fb

No comments:

Post a Comment