တိုက်ခန်း လှေကားအတွင်း ဓားဖြင့် ထောက်ပြီး ဆွဲကြိုးလုယူမှု ရန်ကုန်တိုင်း
ဒေသကြီး လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ အင်းစိန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
အောက်တိုဘာ ၄ ရက်၊
ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ အင်းစိန်လမ်းတွင်
နေထိုင်သူ ဒေါ် ---- (၄၅)နှစ်မှာ နေအိမ်တိုက်ခန်း ၆ လွှာသို့ အတက်တွင်
တိုက်ခန်းလှေကား၏ သုံးလွှာအရောက်တွင် အသက်(၂၀)အရွယ် လူငယ်တစ်ဦးက
နောက်မှသိုင်းဖက်ကာ ၀မ်းဗိုက်အား ဓားဖြင့်ထောက်ခဲ့ကြောင်း သိရသည်။ထို့နောက် လူငယ်က ၎င်း၏ ပုလဲ နှစ်လုံးဆွဲသီးပါ အလေးချိန် တစ်ကျပ်သား
ကျော်ခန့်ရှိ ရွှေဆွဲကြိုးအား လုယူပြီး ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာ
ရဲစခန်းတွင် အမှုဖွင့်ထားချက်အရ သိရပါသည်။
ထို့နောက် ဒေါ်----မှ
''ဆွဲကြိုး လုတယ်''ဟု အော်ဟစ်သဖြင့် နေအိမ် အောက်လမ်းမ အရောက်တွင် အဆိုပါ
လူငယ်က အသင့်ပါလာသော ဓားဖြင့် ထိုးသဖြင့် ၀မ်းဗိုက်နှင့် လက်တို့တွင်
ဓားဒဏ်ရာများ ရရှိပြီး ရန်ကုန် ဆေးရုံကြီးတွင် (မစိုးရိမ်ရ) တက်ရောက်
ကုသနေရကြောင်း သိရသည်။
ယင်းကြောင့် ဒေါ်----မှ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ခဲ့ပြီး
လှိုင်ရဲစခန်းမှလည်း အဆိုပါ ဖြစ်စဉ်အပေါ် (ပ)၄၀၃/ ၂၀၁၃ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူအား ဖမ်းဆီးရမိရန် သက်ဆိုင်ရာက စုံစမ်းနေကြောင်း သိရသည်။
from EMG
တိုက်ခန်း လှေကားအတွင်း ဓားဖြင့် ထောက်ပြီး ဆွဲကြိုးလုယူမှု ရန်ကုန်တိုင်း
ဒေသကြီး လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ အင်းစိန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
အောက်တိုဘာ ၄ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ အင်းစိန်လမ်းတွင် နေထိုင်သူ ဒေါ် ---- (၄၅)နှစ်မှာ နေအိမ်တိုက်ခန်း ၆ လွှာသို့ အတက်တွင် တိုက်ခန်းလှေကား၏ သုံးလွှာအရောက်တွင် အသက်(၂၀)အရွယ် လူငယ်တစ်ဦးက နောက်မှသိုင်းဖက်ကာ ၀မ်းဗိုက်အား ဓားဖြင့်ထောက်ခဲ့ကြောင်း သိရသည်။ထို့နောက် လူငယ်က ၎င်း၏ ပုလဲ နှစ်လုံးဆွဲသီးပါ အလေးချိန် တစ်ကျပ်သား ကျော်ခန့်ရှိ ရွှေဆွဲကြိုးအား လုယူပြီး ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ထားချက်အရ သိရပါသည်။
ထို့နောက် ဒေါ်----မှ ''ဆွဲကြိုး လုတယ်''ဟု အော်ဟစ်သဖြင့် နေအိမ် အောက်လမ်းမ အရောက်တွင် အဆိုပါ လူငယ်က အသင့်ပါလာသော ဓားဖြင့် ထိုးသဖြင့် ၀မ်းဗိုက်နှင့် လက်တို့တွင် ဓားဒဏ်ရာများ ရရှိပြီး ရန်ကုန် ဆေးရုံကြီးတွင် (မစိုးရိမ်ရ) တက်ရောက် ကုသနေရကြောင်း သိရသည်။
ယင်းကြောင့် ဒေါ်----မှ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ခဲ့ပြီး လှိုင်ရဲစခန်းမှလည်း အဆိုပါ ဖြစ်စဉ်အပေါ် (ပ)၄၀၃/ ၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment