Saturday, October 5, 2013

ကန်ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ လွှတ်တော်အထိရှင်းလင်း

ရန်ကုန် ၊ အောက်တိုဘာ ၄ ။ ။ နိုင်ငံ ခြားဘဏ်များတွင် မြန်မာအစိုးရ မှ ကန်ဒေါ်လာ ၁၁ဘီလီယံအပ်နှံ သည်နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအထိ ရှင်းလင်းခဲ့ရကြောင်း သိရ သည်။ အောက်တိုဘာ ၄ရက်က ကျင်းပ သည့်ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် အဆိုပါကန်ဒေါ် လာ ၁၁ဘီလီယံကို အစိုးရအနေ ဖြင့် ပြည်ပနိုင်ငံခြားဘဏ်များတွင် အပ်နှံထားခြင်းမရှိကြောင်း၊ နိုင်ငံ တော်အရန်ငွေ ကန်ဒေါ်လာ ရဒ သမ၆ဘီလီယံ သာရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာ နိုင်ငံ တော် ဗဟိုဘဏ်ဥက္ကဋ္ဌတို့မှ ဖြေရှင်း မှုများကို လွှတ်တော်မှ မှတ်တမ်း အဖြစ်သာထားရှိခဲ့ကြောင်း သိ ရသည်။

 
ပြည်တွင်းမီဒီယာများတွင်ဖော်ပြခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁ဘီလီယံကို ပြည်ပရှိ နိုင်ငံခြားဘဏ်များတွင် အကောင့် ငါးခုဖြင့် အပ်နှံထားခြင်းကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ ၏ ကြွေးမြီများကို လျှော်မပေး ခြင်းမဟုတ် ကြောင်း၊ ဘဏ္ဍာရေး ဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအတွင်း ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က ''နိုင်ငံခြား ဘဏ်များမှာရှိတဲ့ အမေရိကန် ဒေါ်လာ ၁၁ဘီလီယံ ကို မြန်မာနိုင်ငံ မှ အပ်နှံထားတဲ့အတွက် ကမ္ဘာ့ ဘဏ်မှ အကြွေး မလျှော်ပေးခြင်း ဖြစ်ကြောင်း မီဒီယာများတွင်ရေး သားချက်က မှန်ကန်မှုမ ရှိပါဘူး။ ကမ္ဘာ့ဘဏ်က ၎င်းရဲ့ကြွေးမြီရှင်း လင်းရေး အတွက် မြန်မာ နိုင်ငံအ နေနဲ့ နိုင်ငံခြား ဘဏ်များမှာ ဖွင့် လှစ်ထားတဲ့ ငွေစာရင်းတွေ ရှိတာ ကြောင့် မလျှော်ခြင်းဟု ဆွေးနွေး ခြင်းလုံးဝမရှိပါကြောင်း ကျွန်တော့် အနေနဲ့ ခိုင်ခိုင်မာမာတင်ပြလိုပါ တယ်''ဟု လွှတ်တော်သို့ တင်ပြ သည်။
from Yangon Media Group

No comments:

Post a Comment