Saturday, October 12, 2013

အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား

 Photo: အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန် လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ) နှစ်ခန်းတွဲနေအိမ်တွင်နေထိုင် သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ ၁၁ရက်၌

၎င်း၏နေ အိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည် ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့ လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက် ရှာဖွေခြင်းပြု လုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြ တင်း ပေါက် သံ ဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။

အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ် ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့် တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ယခု သေဆုံးသူရောက်ရှိ နေထိုင်ပြီးမှ ဇွန်လအတွင်းကလည်း ပထမ အကြိမ်အဖြစ်ဖောက်ထွင်းခံရပြီး ကာလတန်ဖိုးကျပ် ၁၃သိန်းခန့် ဆုံးရှုံး ခဲ့သည်ဆို၏။ သေဆုံးသူ ဒေါ်သန်းမြိုင်သည် အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) အပျိုကြီးဖြစ်ကာ

၎င်းသည် တစ်ဦးတည်းနေထိုင်မှုကိုသာ နှစ်ခြိုက် သည်ဆို၏။ အလောင်း ကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၁၈ ဖြင့်လက်ခံထားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၄၇/၂ဝ၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဆို၏။

ကောင်းထက်၊ မောင်မျိုး

အေးချမ်းမွန် Credit To >Thit Htoo Lwin blog <Thanks
Mobile ဖြင့်ကြည့်နိုင်သော APK  >> https://www.dropbox.com/s/ygucizdyzd2y0k6/Aye%20Chan%20Mon%28Fb%29%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%AC%E1%80%B7%E1%80%96%E1%80%B9%E1%80%9D%E1%80%B2.apk
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန် လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ) နှစ်ခန်းတွဲနေအိမ်တွင်နေထိုင် သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ ၁၁ရက်၌

၎င်း၏နေ အိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည် ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့ လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက် ရှာဖွေခြင်းပြု လုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြ တင်း ပေါက် သံ ဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။

အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ် ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့် တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ယခု သေဆုံးသူရောက်ရှိ နေထိုင်ပြီးမှ ဇွန်လအတွင်းကလည်း ပထမ အကြိမ်အဖြစ်ဖောက်ထွင်းခံရပြီး ကာလတန်ဖိုးကျပ် ၁၃သိန်းခန့် ဆုံးရှုံး ခဲ့သည်ဆို၏။ သေဆုံးသူ ဒေါ်သန်းမြိုင်သည် အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) အပျိုကြီးဖြစ်ကာ

၎င်းသည် တစ်ဦးတည်းနေထိုင်မှုကိုသာ နှစ်ခြိုက် သည်ဆို၏။ အလောင်း ကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၁၈ ဖြင့်လက်ခံထားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၄၇/၂ဝ၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဆို၏။
from Thit Htoo Lwin blog

No comments:

Post a Comment