၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲကို
အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “ကျွန်တော်တို့ ဒီနေ့ ၂၀၁၄ ခုနှစ်မှာ
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ့် သန်းခေါင်စာရင်း ကောက်ယူမှု
လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီးတော့ သိသင့်သိအပ်တဲ့ကိစ္စ တွေကို ပြောမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျွန်တော်တို့ ၀န်ကြီးဌာနတစ်ခုတည်းက အဓိကဆောင်ရွက်သွားရတာဖြစ်ပါ တယ်။ သန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်တွေမှာအချက်အလက်တွေကိုတိတိကျကျနဲ့ မှန်မှန်ကန်ကန်ပြည်သူတွေအနေ နဲ့ လိုက်နာဆောင်ရွက်ပေးစေလိုပါ တယ်”ဟု ပြောကြားသည်။
ယင်းအပြင် ပြည်ထောင်စုဝန်ကြီးမှ ယခုသန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာမှ ကောက်ခံယူလေ့ရှိသည့်နည်းအတိုင်း နေမြဲအရပ်တွင် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှာ စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သတ်ခြင်းလုံးဝမရှိကြောင်း၊ ပိုင်ဆိုင်မှု အထောက်အထားများကို ကောက်ယူရာတွင်လည်း အခွန် ဆောင်စေရန်အတွက် မဟုတ်ကြောင်းကို အလေးထားအသိပေးမှုပြုလုပ်ခဲ့ေ ကြာင်း သိရသည်။
သန်ခေါင်းစာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံ ၄၁ ချက်နှင့် အဖွဲ့အစည်း (စစ်တပ်၊ အကျဉ်းထောင်၊ ဆေးရုံ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီြးေ ဖကြားချက်အတိုင်း ထည့်သွင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ မှန်ကန်စွာ ဖြေကြားရန်လိုအပ်ကြောင်း ယင်းအခြေ အနေမှန်ဖော်ပြနိုင်မှသာ နိုင်ငံတော်မှ ရေရှည်စီးပွားရေးအကျိုးအတွက် မည်သို့လုပ်ဆောင်နိုင်မည်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးခင်ရီကဆိုသည်။
ထို့ပြင် ၁၂ ရက်ကြာကောက်ယူမည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်
ယူရေးအတွက် ဒေါ်လာ ၅၈ သန်းကျော်ကုန် ကျမည်ဖြစ်ကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ က အဆိုပါရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်ကိုထည့်သွင်း ဖြေကြားခဲ့သည်။
“လူတစ်ဦးကို တစ်ဒေါ်လာနှုန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၅ သန်းထည့်ဝင်ဆောင်ရွက်ထားပါတ ယ်။ ကုလသမဂ္ဂကလည်း ဒေါ်လာ ငါးသန်းလှူထားပါတယ်။ ဘက် ဂျက်လိုငွေကတော့ ၃၀ ဒသမ ၈ သန်းပေါ့။ အဲဒီအတွက်လည်း နိုင်ငံတကာအလှူရှင်တွေနဲ့တွေ့ဆုံနေသလို ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရံပုံငွေအဖွဲ့နဲ့လည်း ပူပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
နိုင်ငံတကာမှ သန်းခေါင်စာရင်းကောက်ယူရာတွ င် အသုံးပြုသည့် စက်များနှင့်သန်း ခေါင်စာရင်းကောက်ယူရေးအတွက်
မူလတန်းအဆင့်သင်ကြားသော ကျောင်းဆရာမတစ် သိန်းနှင့် စာရင်းစစ်အတွက်
အလယ်တန်းနှင့် အထက်တန်းပြဆရာမ ၂၀၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကို အိမ်ထောင်စုနှင့် အဖွဲ့အစည်းဟူ၍ နှစ်မျိုးခြားခွဲကောက်သွားမ ည်ဖြစ်ပြီး
အိမ်ထောင်စုစာရင်းတွင် ဖြည့် စွက်ရန် မေးခွန် ၄၁ ခုပါဝင်ကြောင်း၊
အဖွဲ့အစည်း (စစ်တပ်၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဂေဟာ) အစရှိသည်တို့ကို
မေးခွန်းပုံစံ ၁၁ မျိုးဖြင့် ကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူအင်အားဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃
ခုနှစ်တို့တွင် ၁၀ နှစ်စီခြားကာ သန်းခေါင်စာရင်းကိုကောက်ယူခဲ့ပြီး ကျန်ရှိသည့် ကာလများတွင် အကြောင်းအမျိုးကြောင့် ကောက်ခံနိုင်မှုမရှိခဲ့ကြောင်းသိရသည်။
နှစ်သုံးဆယ်ခန့်ကြာမြင့်ပြီးနောက်
၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီလ ၁၀ ရက်ထိ ၁၂ တာ တစ်နိုင်ငံလုံးအတိုင်းအတာ
ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ လက်ရှိလူဝင်မှုကြီးကြပ်ရေးနှ င့်
ပြည်သူအင်အားဦးစီးဌာန၏ အခြေခံကိန်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၁
သန်းရှိပြီး လူဦးရေသန်း ၆၀ ရှိကြောင်း၊ ခရိုင် ၇၀၊ မြို့နယ်ပေါင်း ၃၃၀၊
ရပ်ကွက်ပေါင်း ၃၀ ၅၁၊ ကျေးရွာအုပ်စု ပေါင်း ၆၄၃၄၆၊ ကောက်ကွက်ပေါင်း ၉၁၀၀၀
လူမျိုးစု ၁၃၅ စုနှင့် ဘာသာကြီးငါးခု (နတ်အပါအ၀င်) ဖြစ်ကြောင်း သိရသည်။
from Eleven media Grpup
ယင်းအပြင် ပြည်ထောင်စုဝန်ကြီးမှ ယခုသန်းခေါင်စာရင်းကောက်ယူရ
သန်ခေါင်းစာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံ ၄၁ ချက်နှင့် အဖွဲ့အစည်း (စစ်တပ်၊ အကျဉ်းထောင်၊ ဆေးရုံ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီြးေ
ထို့ပြင် ၁၂ ရက်ကြာကောက်ယူမည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင
“လူတစ်ဦးကို တစ်ဒေါ်လာနှုန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၅ သန်းထည့်ဝင်ဆောင်ရွက်ထားပါတ
နိုင်ငံတကာမှ သန်းခေါင်စာရင်းကောက်ယူရာတွ
သန်းခေါင်စာရင်းကို အိမ်ထောင်စုနှင့် အဖွဲ့အစည်းဟူ၍ နှစ်မျိုးခြားခွဲကောက်သွားမ
နှစ်သုံးဆယ်ခန့်ကြာမြင့်ပြီ
from Eleven media Grpup
No comments:
Post a Comment