Saturday, October 12, 2013

အင်တာနက်သုံးစွဲသူများအားလုံး သိထားရတော့မယ့် ဆယ်သွယ်ရေးဥပဒေပါပုဒ်မများ

အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး
၆၆(ဂ) ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်း။

၆၆(ဃ) ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။

 အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

၆၈ (က) မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆယ်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။
၆၈ (ခ) သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း

မြန်မာပြည်သူပြည်သားအားလုံး တရားဥပဒေရဲ့ စောင့်ရှောက်မှုကို ခံယူနိုင်ကြပါစေ။

from Myanmar News Update

No comments:

Post a Comment