Saturday, October 5, 2013

ပုသိမ်အဝေးပြေးကားဂိတ်အတွင်းအပြင်လမ်းများပေါ်တွင် ကုန်ကားများ ပိတ်မိနေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အဝေးပြေးကားဂိတ်တွင် အသစ်ခင်းထားသော ကွန်ကရစ်လမ်းပေါ် ၂ တန်အထက်ယာဉ်မမောင်းရ စည်းကမ်းချက်ကြောင့် ပုသိမ်သို့ဝင်ရောက်လာသော ကုန်ကားများပေါ်မှ ကုန်ပစ္စည်းများကို ချမရပဲ အဝေးပြေးဝင်း အတွင်းအပြင်ဘက်လမ်းများပေါ်တွင် ရပ်ထားရသော ကုန်းကားများ ယနေ့မနက်ပိုင်းတွင် အစီးရေ (၅၀)ကျော်လာပြီဖြစ်ကြောင်း သိရသည်။
“ အရင်ကတော့ ပစ္စည်းကဲ့ဖို့ ဒိုင်နာလိုမျိုးကားတွေ ဆွဲလို့ရတယ်လေ၊ အခုက ဘာကားမှ ဖြတ်ခွင့်မပေးတော့ ကျွန်တော့်ကားဆို ပစ္စည်းမချပဲ ရပ်ထားရတာ ၃ ရက် ရှိနေပြီ၊ တာဝန်ရှိတဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်၊ မလိုအပ်ပဲ ကုန်စည်စီးဆင်းမှုကို ထိခိုက်စေလို့ပါ ” ဟု ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။
from ACM-fb

No comments:

Post a Comment