Tuesday, October 8, 2013

လှည်းကူးတွင် အမျိုးသမီးငယ်တစ်ဦး ဆေးမှားသောက်မိ၍ သေဆုံး

လှည်းကူးမြို့နယ်တွင် အသက်(၁၇)အရွယ် အမျိုးသမီးငယ်တစ်ဦး အောက်တိုဘာ ၆ရက် ဆေးမှားသောက်မိ၍သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အဆိုပါ သေဆုံးမှုကို ယင်းနေ့ ညနေ ၅နာရီ ၅၀ မိနစ်ခန့်က လှည်းကူးဆေးရုံသို့ ဆေးမှားသောက်မိသူ အမျိုးသမီးငယ်တစ်ဦး သေဆုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှာ သိရှိခဲ့ရသည် ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။သေဆုံးသူမှာ လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့တပ်မ(၁၁)၊ ကြက်မွေးမြူရေးခြံတွင် နေသူ မ---ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့က အတည်ပြုထားသည်။သေဆုံးသူတွင် ပြစ်ပဒဏ်ရာ မတွေ့ရှိရသဖြင့် ဖခင်တော်စပ်သူအား မေးမြန်းရာတွင် သေဆုံးသူသည် မိဘများနှင့် အတူနေထိုင်ပြီး လေးဖက်နာရောဂါကို နာတာရှည် ဝေဒနာအဖြစ် ခံစားနေရပြီး ဆေးကုသမှု ခံယူနေသူဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုထားသည်။
၎င်းသည် အောက်တိုဘာ၆ရက် ညနေ ၄နာရီလောက်က ဆေးမှားသောက်မိ၍ မူးဝေပြီး ရင်ပူနေကြောင်း ပြောပြသဖြင့် ဆေးရုံသို့ တင်ပို့စဉ် ညနေ ၅နာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သေဆုံးသူ၏ ဖခင်ဖြစ်သူက ရဲအား ပြောပြထားသည်။
အဆိုပါသေဆုံးမှုကို ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးပေးရန် ဒု-ရဲအုပ် သံချောင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ထို့ကြောင့် လှည်းကူးရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၄/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေး နေသည်။
from mizzima

No comments:

Post a Comment