Saturday, October 12, 2013

‘အ’ အက္ခရာယာဉ်များ အောက်တိုဘာလ နောက်ဆုံးပတ် အပ်နှံခွင့်ပြုမည်

ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး ယာဉ်သစ် တင်သွင်းသည့် အစီအစဉ်အရ ယာဉ်ဟောင်း အပ်နှံခွင့်ရှိသော ‘သ’ အက္ခရာများ ပြီးဆုံးတော့မည် ဖြစ်၍ ‘အ’ အက္ခရာများကို အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း မော်တော်ယာဉ်များ အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်အောင်က ပြောကြားသည်။
“အခုတစ်နိုင်ငံလုံး မညီမညာ ဖြစ်နေတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း အခွန်ကောက်ခံမှု စံနှုန်းတွေကိုလည်း တစ်ပြေးညီ သတ်မှတ်ပေးပြီးပြီဆိုတော့ အပြင်မှာ ဖြစ်နေတဲ့ ဈေးတွေ လည်း ပြောင်းသွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။


‘အ’ အက္ခရာယာဉ်များ လက်ခံတော့မည့်ရက် နီးကပ်လာ၍ ယင်းနံပါတ် ယာဉ်များမှာ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင် ဈေးပေါက်နေကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း လုပ်ကိုင်သူ ဦးကျော်မြင့်အောင်က ရှင်းပြသည်။

အောက်တိုဘာလ ၁၀ ရက်နေ့အထိ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်ပြုထားသည့် အစီးရေမှာ ၅၆,၆၈၂ စီးရှိပြီ ဖြစ်ကြောင်း မော်တော်ယာဉ်များ အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

from The Voice Weekly

No comments:

Post a Comment