အင်္ဂလန်နိုင်ငံ ဆေးတက္ကသိုလ်များနှင့် Oxford, Cambridge အစရှိ သည့်တက္ကသိုလ်
ဝင်ခွင့်လျှောက်ထားခြင်းဆိုင်ရာဆွေးနွေးပွဲကို Crown Education နှင့်
အင်္ဂလန် အခြေစိုက် Study Group UK ပညာရေး
အဖွဲ့အစည်းကြီးမှ ပူးပေါင်း၍ လာမည့်(၂၁)ရက် တနင်္လာနေ့နံနက် (၁၀)နာရီမှ
နေ့လည်(၁၂)နာရီအထိ ရန်ကုန်မြို့ကမ်းနားလမ်းရှိ
ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ပညာသင်ဆုလျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ယူကေ ထပ်တန်းတက္ကသိုလ်ကြီးများသို့ ၀င်ခွင့်လျှောက်ထားရန်လိုအပ်သည့် ပညာရေးလမ်းကြောင်းများကို အဓိကဆွေးနွေးပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ဆွေးနွေးပွဲသို့တက်ရောက်လိုသူများအနေနှင့် ဗြိတိသျှကောင်စီ စာကြည့် တိုက်သို့ ဖြစ်စေCrown Education ဖုန်း 0973273277 သို့ဖြစ်စေ ဆက်သွယ်စာရင်းပေးသွင်းနိုင်သည်။
from သုတလင်း

No comments:
Post a Comment