Saturday, October 12, 2013

"အိုဘားမားမိသားစုနှင့် မာလာလာ တွေ့ဆုံ"


 
 အမျိုးသမီးများ ပညာသင်ကြားခွင့်နှင့် အခြားအခွင့်အရေးများအတွက် တောင်းဆိုလှုပ်ရှားသည့် ပါကစ္စတန်ကျောင်းသူ မာလာလာသည် အမေရိကန်သမ္မတ အိုဘားမား မိသားစုနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။ အသက် ၁၆ နှစ်အရွယ် မာလာလာသည် အမေရိကန်သမ္မတ အိမ်ဖြူတော်၏ ဘဲဥပုံခန်းမတွင် သမ္မတအိုဘားမား၊ သမ္မတကတော် မစ်ချယ်လ်၊ သမီးဖြစ်သူ မာလီယာတို့နှင့် သောကြာနေ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


ပါကစ္စတန်တွင် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေး တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ခဲ့သည့် မာလာလာအား တာလီဘန်တို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သို့သော် ဦးခေါင်းတွင် သေနတ်ဒဏ်ရာပြင်းထန်းစွာ ရရှိခဲ့သော မာလာလာမှာ ဗြိတိန်တွင် ဆေးကုသမှု ခံယူခဲ့ပြီးနောက် အသက်ဘေးမှလွတ်မြောက်ကာ ပြန်လည် ကျန်းမာလာခဲ့သည်။

မာလာလာသည် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရွေးချယ် ချီးမြှင့်ခံရရန် ရေပန်းစားခဲ့သော်လည်း ဆုနှင့် လွဲချော်ခဲ့သည်။ မာလာလာသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနှင့် လွဲချော်ခဲ့သော်လည်း ဥရောပါလီမန်က ရွေးချယ်ချီးမြှင့်သည့် ယခုနှစ်အတွက် Sakharov Prize ကို ရရှိခဲ့သည်။

from PLANET ညနေခင်းသတင်းလွှာ

No comments:

Post a Comment