
ဗြိတိန်နိုင်ငံမှ ဥမင်လိုဏ်ခေါင်း ဆောက်လုပ်ရေး ဝန်ထမ်းများသည် လန်ဒန်မြို့ရှိ Liverpool Street ဘူတာရုံတွင် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်နေစဉ် အတွင်း ရှေးခေတ်ရောမ လူမျိုး များ၏ ဦးခေါင်းခွံဟု ယူဆရသော ဦးခေါင်းခွံ ၂ဝ ခန့်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆောက်လုပ်ရေး ဝန်ထမ်းများသည် ရှေးဟောင်း သုတေသန ပညာရှင် များ၏ လမ်းညွှန်မှုဖြင့် Walbrook မြစ်ရေလက်ကြား နေရာတွင် တွေ့ရသော လူဦးခေါင်းခွံ များနှင့် ရောမ လူမျိုးတို့ အသုံးပြုခဲ့ဟန် တူသော မြေအိုးများကို ဂရုတစိုက်ဖြင့် တူးဖော် ခဲ့ကြသည်။
အဆိုပါ နေရာသည် ၁၆ ရာစုက Bedlam သင်္ချိုင်း ဖြစ်ဟန်တူပြီး လာမည့်နှစ်တွင် အရိုးစု ၃ဝဝဝ နီးပါးကို ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ရောမ လူမျိုးများ၏ ဦးခေါင်းခွံ များကို သိမ်းမြစ် တစ်လျှောက်တွင် မကြာခဏ တွေ့ရှိဖူးကြောင်း၊ အေဒီ ၁ ရာစုခေတ်က ဘုရင်မ Boadicca သည် သူမအား ဆန့်ကျင်သူ များကို ခေါင်းဖြတ်သတ်၍ အဆုံးစီရင် စေခဲ့ကြောင်း သိရသည်။
from မြ၀တီ
No comments:
Post a Comment