Saturday, October 26, 2013

ဂျပန် ၀န်ကြီး ချုပ် ရှင်ဇို အဘေး က တရုတ် ကို ပြင်းပြင်းထန်ထန် သတိပေး ပြီ

ဂျပန် ရဲ့  ပိုင် နက် နယ် မြေ ထဲ က ကျွန်းစု တွေ ကို တရုတ်က ရယူ လို မှု အတွက် ဂျပန် ၀န်ကြီး ချုပ် ရှင်ဇိုအဘေး က ပြင်း ပြင်း ထန် သတိပေး လိုက်ပါတယ်။ တရုတ် က ကျုးကျော်လာရင် ဂျပန် က ပြင်းပြင်း ထန် ထန် လက်တုံ့  ပြန်မယ် လို့  လဲ သတိပေး လိုက် ပါတယ်။ ဒီနေ့  Wall Street Journal နဲ့  တွေ့ ဆုံ မှု မှာ ဂျပန် ၀န်ကြီးချုပ် က တရုတ် ရဲ့  အန္တရာယ် ကို ဂျပန် က မားမားမတ်မတ် ရပ် ပြီး ခုခံ မှု မှာ ဂျပန် နဲ့  လက် တွဲ မယ့် နိုင်ငံတွေ ရှိလား လို့  လဲ မေးခွန်း ထုတ် လိုက် ပါတယ်။ အဘေး က WSJ ကို ပြောကြား ရာ မှာ အာရှ ပိစိဖိတ် ဒေသ လုံခြုံ ရေး အတွက် ဂျပန် ရဲ့  ရေတပ် နဲ့  လေတပ် ကို လည်း ပို ပြီး စွမ်း ရည် ထက် အောင် လုပ် မယ် လို့ ဆို ပါတယ်။
ဂျပန် ပြည်သူ တွေ ဟာ ထက် မြက် တဲ့ ခေါင်းဆောင် မှု ကို တောင့် တ နေ ကြ ပြီး စီးပွား ရေး အရာ သာ မက ပထ၀ီ နိုင်ငံရေး ကို အရေး ပါမှု ကို လည်း သိနား လည်နေ ပြီ လို့  ပြောပါတယ်။
ရှေးမဆွ က တော့ ဂျပန် ဟာ မိမိ နိုင်ငံ နယ်နမိ အတွင်း လုံ ခြုံရေး ကို ပဲ ကြည့် ခဲ့ ပေမယ့် စီးပွားရေး ပြန်လည် အားကောင်းလာတဲ့ အတွက် ဒေသ တွင်း လုံခြုံရေး ကို ပါ ပူးတွဲ တာဝန် ယူ မယ် လို့  ဆို ပါတယ်။ဂျပန် လို ပဲ တရုတ် ခြိမ်းခြောက် ခံနေရ တဲ့ နိုင်ငံ တွေ က တော့ ဗီယက်နမ်၊ ထိုင်ဝမ် ၊ ဖိလစ်ပိုင် ၊ တောင်ကို ရီးယား စတဲ့ နိုင်ငံ တွေ ဖြစ် ပါတယ်။ နယ်နမိတ် ပြသနာ တက် တိုင်း တရုတ် ရဲ့  ခြိမ်းခြောက် မှု နဲ့  ကြုံနေရတာ ဖြစ် ပါတယ်။

No comments:

Post a Comment