
ဆော်ဒီအာရေဗျနိုင်ငံ၌ အမျိုးသမီးများ ကားမမောင်းရ ဟူသော
ပိတ်ပင်တားမြစ်မှုကို ကန့်ကွက်သောအားဖြင့် စနေနေ့တွင် အမျိုးသမီးတစ်စုသည်
လမ်းများပေါ်သို့ ထွက်၍ ကားမောင်းခဲ့ကြကြောင်း ဘီဘီစီက ဖော်ပြသည်။
ကားမောင်းကန့်ကွက်မှုတွင် ပါဝင်သော အမျိုးသမီးများကို အရေးယူမည်ဟု တရားဝင်
သတိပေးလင့်ကစား အမျိုးသမီးအချို့ ကားမောင်းနေကြပုံများကို
အွန်လိုင်းပေါ်တွင် တွေ့ရသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများဟု ဆိုသော အမျိုးသားများ၏ ဖုန်းဖြင့်
သတိပေးခြင်းကို အမျိုးသမီးအချို့ လက်ခံရရှိသည်ဟု ဆိုသည်။ ကန့်ကွက်ပွဲတွင်
ပါဝင်သူ အမျိုးသမီးတစ်ဦးက အရေးယူခြင်း မရှိသေးကြောင်း၊ မကြာမီ
ယင်းပိတ်ပင်တားမြစ်မှုကို ရုပ်သိမ်းမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
အမျိုးသမီးအချို့ အဖမ်းခံရခြင်း၊ အလုပ်ဖြုတ်ခံရခြင်းများ ဖြစ်ပြီးနောက်
စနေနေ့တွင် ကန့်ကွက်ကားမောင်းခြင်းသည် ၁၉၉၀ ခုနှစ်နောက်ပိုင်း
တတိယအကြိမ်မြောက် ဖြစ်သည်။
from BBC
No comments:
Post a Comment