ရန်ကုန်တိုင်းဒေသကြီး သာကေတပင်မဓာတ်အားခွဲရုံရှိ ဓာတ်အားလိုင်းကြိုးအချို့
အသစ်လဲလှယ်ရန် လိုအပ်နေသဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်
ကာလအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့သို့ ဓာတ်အား ပို့လွှတ်မှုကို
ခြောက်နာရီကြာဖြတ်တောက်ထားမည်ဖြ စ်ကြောင်း သိရသည်။
မဟာဓာတ်အားလိုင်းမှ ဓာတ်အားကို လက်ခံ၍ ဓာတ်အားဖြန့်ဖြူးပို့လွှတ်ထားသော
သာကေတပင်မဓာတ်အားခွဲရုံရှိ ၂၃၀^၃၃ ကေဗွီ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ၏ ၃၃
ကေဗွီဗို့အားအထွက်အပိုင်းတွင် လွန်းဖွာနေ သော ဓာတ်အားလိုင်းကြိုးများအား
အစားထိုး အသစ်လဲလှယ်ခြင်း၊ ယာယီအစားထိုးတပ် ဆင်ထားသော
လျှပ်စီးတိုင်းထရန်စဖော်မာ သုံးလုံးအား အသစ်ဖြင့်လဲလှယ်ခြင်းကို အ
ရေးပေါ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း လည်း သိရသည်။ ပြုပြင်ရေးလုပ်ငန်းများ
ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်မြို့ရှိ သာ ကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊
ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များတွင် ဓာတ်အား
ယာယီပြတ်တောက်မည်ဖြစ် ကြောင်းလည်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်
အားပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ဇ၀န၊ ဆ\က၊ ဗိုလ်ကံညွန့်၊ လေးဒေါင့်ကန်၊ င\က၊ မိကျောင်းကန်၊ ဝေဇယန္တာ၊ သာဓု၊ ဆယ်သိန်း၊ နနွင်းကုန်း၊ ရန်အောင်၊ ကမှဃအထိရပ် ကွက်များ၊ မေခ၊ မလိခအိမ်ရာ၊ ငမိုးရိပ်၊ စံ ပြ၊ ပြည်ထောင်စု ရိပ်မွန်၊ ပင်လုံ၊ ကြီးပွားရေး တောင်\မြောက်၊ ကမ်းသာယာနှင့်ဣစ္ဆိတံ အိမ်ရာတို့တွင် လည်းကောင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ (၁၀)၊ (၂၈)၊ (၂၉)၊ (၃၀)၊ (၃၈)၊ (၄၅)၊ (၄၃)နှင့် (၁၆)ရပ်ကွက်တို့ တွင်လည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကွေ့မအိမ်ရာ၊ တော့စတားအိမ်ရာ၊ အင်းဝ အိမ်ရာ၊ (၁၈)၊ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၂)၊ (၂၄)၊ (၂၅)၊ (၂၆)၊ (၅၃)၊ (၅၅)၊ (၅၆)၊ (၅၇)၊ (၆၄)၊ (၆၅)(၇၀)၊ (၇၂)၊ (၁၀၅)၊ (၁၀၆)နှင့် (၁၀၇) တို့တွင်လည်း ခြောက်နာရီကြာဓာတ်အား ပြတ်တောက်မည်ဟု ထုတ်ပြန်ထားသည်။
from EMG

No comments:
Post a Comment