အောင်မင်္ဂလာ ဝင်းအတွင်း ယာဉ်လိုင်းထက်ဆိုင်ခန်းများ ပိုများနေ ၍ နေရာသစ် ထပ်ပြောင်းရွှေ့ခံရမည်ကို စိုးရိမ်နေ
အောင်မင်္ဂလာအဝေးပြေးကား ဝင်း အတွင်း
ကားလိုင်းခန်းထက် တခြားသောဆိုင်ခန်းအရေအ တွက်မှာ သုံးဆခန့် များနေခြင်း
ကြောင့် နေရာထပ်မံပြောင်းရွှေ့ ခြင်းခံရမည်ကို အဝေးပြေးလုပ် ငန်းရှင်များက
စိုးရိမ်မှုများရှိနေ ကြောင်း သိရသည်။
အဝေးပြေးကားဝင်းအတွင်း ဆိုင်ခန်းပေါင်း ၈ဝဝကျော်ရှိနေ သော်လည်း
ကားလိုင်းခန်းအနေ ဖြင့် ၂၄ဝကျော်ရှိနေပြီး တခြား လုပ်ငန်းများ
လုပ်ကိုင်နေသော ဆိုင်ခန်းအရေအတွက်မှာ ၆၀၂ ခန်းအထိ ရှိနေခြင်းကြောင့် အ
ဝေးပြေးဝင်းများ ကျဉ်းမြောင်းလာ သည်ဟု ဆိုကာ မြေနေရာပိုမို ကျယ်ဝန်းသည့်
နေရာအသစ်တစ် ခုသို့ ထပ်မံပြောင်းရွှေ့မှုနှင့်ကြုံ တွေ့မည်ကို
လုပ်ငန်းရှင်များက စိုး ရိမ်နေသည်ဟု နန်းထိုက်စံအဝေး ပြေးကားလုပ်ငန်းရှင်
ဦးစိုးသိန်းက ပြောသည်။
နန်းထိုက်စံအဝေးပြေးကား
လုပ်ငန်းရှင်ဦးစိုးသိန်းက ''ပထမ ကားဝင်းနှစ်ခု တုန်း ကလဲ ဒီလိုပဲ
နေရာပိုလိုအပ်တယ်ဆိုပြီး ကြည့် မြင်တိုင် ၊ စော်ဘွားကြီးကုန်း ကား ဝင်းကနေ
အခု အောင်မင်္ဂလာ ဖြစ်လာတာ။ အဲဒီနေရာတွေမှာ လဲ ဒီလိုပဲ
ကားလုပ်ငန်းလုပ်တဲ့လုပ် ငန်းတွေတိုးတာထက် စားသောက် ဆိုင်တွေ၊
စတိုးဆိုင်တွေ၊ ထမင်း ဆိုင်တွေတိုးလာတာကနေ စတာ ပဲ။ အခုလဲ အောင်မင်္ဂလာမှာ ကား
လိုင်းဆိုင်ခန်းနဲ့ အပြင် လုပ်ငန်းဆိုင်ခန်း နဲ့ကြည့်ရင် တအားကွာ လာတယ်။
အဲဒီအတွက် ကျွန် တော်တို့လုပ်ငန်းရှင်တွေ ဒီနေရာ ကနေ
ထပ်ပြောင်းရမှာစိုးရိမ် တယ်။ ရှေ့မှာ နှစ်ကြိမ်ဖြစ်ပြီးသွားပြီ''ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဆိုင်ခန်း ၈ဝဝကျော်ရှိနေသည့်အပြင် ထပ် တိုးဆိုင်ခန်းများဖွင့်လှစ်ရန်ရှိနေ
ပြီး အဝင်အထွက်လမ်း ၂ဝအား ထပ်တိုးချဲ့ခြင်း၊ အမှိုက်ကန်နေရာ
အားကားဝင်းအသစ်ချဲ့ထုတ်ခြင်း များရှိနေကြောင်း အောင်မင်္ဂလာ
အဝေးပြေးစည်ပင်ဌာနမှ သိရသည်။
အောင်မင်္ဂလာအဝေးပြေး စည်ပင်ရုံးခန်းအား
ဆက်သွယ် မေးမြန်းရာတွင် ဖြေကြားမည့် သူကွင်းဆင်းနေခြင်းကြောင့် ဖြေ
ဆိုပေးနိုင်မည့်သူမရှိကြောင်း၊ တာဝန်ရှိသူ၏လက်ကိုင်ဖုန်းပေး
ရန်အဆင်မပြေသေးဟုပြန်လည် ပြောဆိုသည်။
တိုးပွားလာသောလူဦးရေ နှင့်
ကုန်စည်စီးဆင်းမှုများ၊ ဆိုင် ခန်းချဲ့ထွင်ခြင်းကြောင့် အောင်
မင်္ဂလာအဝေးပြေးနှင့် ဘုရင့်နောင် ပွဲရုံနှင့် ကားပစ္စည်းဝင်းများရှိ
ကားဝင်းများကျဉ်းမြောင်းမှုများ ကြောင့် ယာဉ်ကွင်းအသစ်တိုးချဲ့
ခြင်းများအဝင်အထွက်လမ်းများ အားချဲ့ထွင်ခြင်းများအား အလျင်
အမြန်လုပ်ဆောင်နေရကြောင်း နီးစပ်ရာအသင်းအဖွဲ့များထံမှ သိရသည်။
အောင်မင်္ဂလာကားဝင်း အတွင်း ဌာနဆိုင်ရာအဆောက် အအုံနှင့်
ကားဂိတ်ဆိုင်ခန်းပေါင်း ၈၇၄ခုအထိရှိနေကာ နေ့စဉ်ဝင် ထွက်နေသည့်ကားအစီးရေအား
ဖြင့် ၉၅ဝဝနီးပါးရှိနေသည်။ နေ့ စဉ်ပြေးဆွဲနေသည့်ကားအရေအ တွက်မှာ
အစီး၃ရဝရှိနေကာ ခရီး သည်ပေါင်း ၁၃၈၀၂ဦးအထိသွား လာနေသည်ဟု ကားဝင်းကွပ်ကဲမှု
ရုံးခန်းမှ သိရသည်။
ဘုရင့်နောင်ပွဲရုံနှင့် ကား
ပစ္စည်းဝင်းအတွင်းသို့ နေ့စဉ်ဝင် ထွက်နေသောကားအရေအတွက် မှာ
နှစ်ထောင်ကျော်အထိရှိနေ ပြီး ကုန်ကားကြီးများမှာ ၅ဝဝဝန်း ကျင်အထိရှိနေကာ
ကားကြီးစီးရေ ၃ဝဝကိုသာ နေရာပေးနိုင်ကြောင်း ဘုရင့်နောင်သယ်ယူပို့ဆောင်ရေး
ဝန်ဆောင်မှုအသင်းမှ သိရသည်။
from Yangon Media Group
No comments:
Post a Comment