မုံရွာကြက်မွေးမြူရေးဇုန် ဇီဝလုံခြုံရေး ကျိုးပေါက်
မုံရွာ ၊ အောက်တိုဘာ ၄ ။ ။ စစ်ကိုင်း တိုင်းဒေသကြီး၏ အကြီး
ဆုံးမွေး မြူရေးဇုန်ဖြစ်သော မုံရွာကြက် မွေးမြူရေးအထူးဇုန်တွင် ဇီဝ လုံ
ခြုံရေး ခြံစည်း ရိုး ကျိုးပေါက်လျက် ရှိကြောင်း ဇုန်အတွင်းမွေးမြူရေး
သမားများထံမှ သိရသည်။
မြေဧရိယာ၁၃၄ဧကကျော် ကျယ်ဝန်းသော ယင်းကြက်မွေး မြူရေးဇုန်သည်
မုံရွာမြို့အရှေ့ တောင်ထောင့် ငါးမိုင်ခန့်အကွာ မုံရွာမြို့ပတ်လမ်းဘေး၊
သာစည် လမ်းမပေါ် ကျောက်ဆစ်ပုံတောင် ရွာအုပ်စုနှင့် မြင်းမီးလောင်ကျေး
ရွာတို့ အကြားတွင် တည်ရှိကာ ယမန်နှစ်က FAO မှ ဇီဝလုံခြုံ ရေးအတွက်
ကျပ်သိန်း၂ဝဝကျော် အကုန်ကျခံပြီး သံဆန်ခါခြံစည်း ရိုးကာရံပေးခဲ့ကြောင်း
သိရသည်။
''ဇုန်ပြင်ပမှာခြံတည်ပြီး မွေး မြူသူတွေကြောင့်
အဲဒီခြံစည်းရိုး ကပျက်ရ တာပါ။ ကြက်စာတွေ သယ်ရာလမ်းကြောင်းက ဇုန်အ
တွင်းကပဲသွားတော့ သူတို့ခြံတွေ အရောက် သယ်လို့ရအောင် ခြံ
စည်းရိုးကိုဖျက်ပြီး သယ်ကြတာ။ ရဲစခန်းကိုတိုင်ပေမယ့်လဲ ဖျက်တဲ့
သူကိုပြောနိုင်မှ တိုင်လို့ရမယ် လို့ ပြောတယ်။
ကြက်ဇုန်ဆိုတာ ဇီဝ
လုံခြုံရေးအရ ဝင်ပေါက်ထွက် ပေါက် တစ်ပေါက်တည်းထားပြီး လုပ်ရတာပါ။
အဲဒီအပေါက်က နေ အပြင်ကပိုးတွေမပါအောင် ဆေးဖျန်းတာတွေ၊ ဆေးကန်ထဲ
ဖြတ်မောင်းစေတာတွေ လုပ်ရ ပါတယ်။ ပြင်ပကမွေးနေတော့ ဇုန်ပြင်ပမှာက
စည်းကမ်းချက်တွေ လိုက်နာစရာမလိုဘူး။ ဆေးဖျန်း တာတွေမရှိဘူး။ သူတို့ကြောင့်
ဆုံးရှုံးမှုများတယ်''ဟု မုံရွာကြက် ဇုန်ကော်မတီအဖွဲ့ဝင် ဦးစန်းညွန့် က
ပြောသည်။
ဇုန်ပြင်ပတွင် ခြံဆောက် ကာ မွေးမြူသူများအား ဇုန်အ
တွင်းဝင်ရောက် လာစေရန် ဇုန် ဧရိယာချဲ့ထွင်ခြင်း သို့မဟုတ် ဇုန်
အသစ်ဖော်ခြင်း များ ပြုလုပ်သင့် ကြောင်း မွေးမြူရေးသမားများ က ပြောသည်။
from Yangon Media Group
No comments:
Post a Comment