မိုက်ကယ်အဲရစ်အုတ်ဂူကို သွားရောက်ဂါရ၀ပြုခဲ့တဲ့ ဗြိတိန်ရောက် ဒေါ်စု
ဥရောပ(၅)နိုင်ငံခရီးစဉ်ထွက်နေတဲ့
ဒေါ်စုအနေဖြင့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့
ရောက်ရှိသွားပြီး ဗြိတိသျှအိမ်ရှေ့ မင်းသားချားလ်စ်
နှင့်တွေ့ဆုံခဲ့ပါသည်။ထို့နောက်
သူမ၏ကိုယ်ပိုင် သီးသန့်ဒရိုင်ဘာ မောင်းနှင်လာသော ကားနှင့် ပြန်လည်ထွက်ခွါ
သွားပါသည်ဟု looktothestars က ဖော်ပြခဲ့ပါသည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင်မူ
မြောက်အိုင်ယာလန်သို့ ရောက်ရှိနေပြီး ၂၅ ရက်နေ့ ညပိုင်းတွင် Sandhurst
(ဆန်းဒတ်စ်) တော်ဝင်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများနှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားကာ စစ်တက္ကသိုလ်တွင် လေ့လာရေးပြုလုပ်ခဲ့ပါသည်။အာက်တိုဘာ ၂၆ နှင့် ၂၇ ရက်များသည် စနေ၊တနင်္ဂနွေရုံးပိတ်ရက်များဖြစ်သဖြင့်
သူမ၏ ကိုယ်ပိုင်အားလပ်ချိန်အား ဗြိတိန်တွင် အနားယူမည်ဟုကြေငြာ
ခဲ့ပါသည်။အဆိုပါနေ့များတွင် ဒေါ်စုသည် မီဒီယာမြင်ကွင်းမှ ပျောက် ကွယ်နေခဲ့
ပါသည်။သို့သော် အဆိုပါနေ့ရက်များတွင် ၄င်း၏မိသားစုဝင် များနှင့်
တွေ့ဆုံသည်ဟု သတင်းမထုတ်ပြန်သော်လည်း သားငယ် ကင်အဲရစ်နှင့်
တွေ့ဆုံခဲ့သည့်အပြင် မိတ်ဆွေဟောင်း များနှင့်လည်း ရှေးဟောင်းလက်ရာ
အဆောက်အဦ သဏ္ဍာန်ရှိသော ဟိုတယ်တစ်ခုတွင်းရှိ VIP အခန်းတွင်
ညစာအတူစားခဲ့သည်ဟု ဆိုပါသည်။ဒေါ်စုသည် ဗြိတိန်၌ရှိနေစဉ်
ကိုယ်ပိုင်သီးသန့် ဒရိုင်ဘာတစ်ဦး မောင်းနှင်သော ကားတစ်စီးတည်းဖြင့်သာ
လည်ပတ်မှု ပြုလုပ်ခဲ့သည်။ထို့အပြင် ဒေါ်စုသည် နှင်းဆီပန်းအနီတစ်ပွင့်ကို
ကိုင်ဆောင်လျှက် ခရီးတိုတစ်ခုသွားခဲ့သည် ဟုလည်း ဆိုပါသည်။ ထိုခရီးတိုအတွက်
ဒေါ်စုသည် သူမအား မီဒီယာများ၏ စောင့်ကြည့်မှု ကင်းလွတ်စေရန်
ချာလ်းမင်းသားကြီး အား အကူအညီတောင်းခဲ့သဖြင့် ချားလ်မင်းသား၏
ကိုယ်ရံတော်အဖွဲ့မှ လိုက်လံစောင့်ရှောက်ပေးခဲ့မှုဖြင့် ကွယ်လွန်သူ ခင်ပွန်းမိုက်ကယ်အဲရစ်၏ အုတ်ဂူထံ သွားရောက်ပြီး နှင်းဆီပန်းတစ်ပွင့်ဖြင့် ဂါရ၀ပြုခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ဒေါ်စုသည်
ယင်းကဲ့သို့ သွားရောက်ခဲ့ရာတွင် သူမ၏ ဗြိတိသျှမိတ်ဆွေ အနည်းအကျဉ်းဖြင့်သာ
သွားရောက်ခဲ့ပြီး သားငယ် ဖြစ်သူ ကင်အဲရစ်(ခေါ်)မောင်ထိန်လင်းမှာမူ လိုက်ပါခဲ့ခြင်းမရှိဟု ဗြိတိန်နိုင်ငံရောက် မြန်မာပညာတတ် အသိုင်းအ၀ိုင်းများ ထံမှသိရှိရပါသည်။
from- သတင်းဘုရင်'s status
No comments:
Post a Comment