စူပါဆိုင် ကလုန်း မုန်တိုင်း PHAILIN ( 02B ) သည် အိန္ဒိယ နိုင်ငံ ကမ်းခြေ
အား မူလ ခန့်မှန်း လမ်းကြောင်း အတိုင်း ကျော်ဖြတ် ဝင်ရောက် လျှက်
ရှိကြောင်း တင်ပြ ခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက် ၍ စောင့်ကြည့် ရဦးမည့် ဖိလစ်ပိုင် နိုင်ငံ ကို ကျော်ဖြတ် တိုက်ခတ် လာခဲ့သော တိုင်ဖွန်း မုန်တိုင်း NARI ( 24W ) သည် တောင်တရုတ် ပင်လယ် အတွင်း အနောက် ဘက် သို့ ဆက်လ က် ရွေ့လျား နေပြီး လာမည့် ၄၈ နာရီ နောက်ပိုင်း ( အောက်တိုဘာ လ ၁၄ ရက် ည ပိုင်း တွင် ဗီ ယက်နန် ကမ်းခြေ အား ဒါနန်း မြို့ အနီး မှ ကုန်းတွင်း သို့ ဒုတိယ အကြိမ် ဖြတ်ကျော် ဝင်ရောက် ဦးမည် ဖြစ်ပါ သည်။
တိုင်ဖွန်း မုန်တိုင်း NARI ကမ်းခြေ သို့ ဝင်ရောက် ပြီးနောက် မုန်တိုင်း အကြွင်းအကျန် များ သည် အနောက် တောင်ဘက် သို့ ဆက်လက် ရွေ့လျားပြီး မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီ တိုင်းေ ဒ သ များ သို့ ဆက်လက် ရွေ့လျား မည်ဟု ခန့်မှန်း ထားပါသည်။ ထို့ကြောင့် အောက်တိုဘာလ ၁၅ ရက်နှင့် နောက်ပိုင်း တွင် ဖေါ်ပြပါ ဒေသ အတွင်း မိုးကြီး နိုင်မည့် အခြေအနေ ရှိပါကြောင်း ကြို တင် အသိပေး တင်ပြ အပ်ပါသည်။
from MMWether

No comments:
Post a Comment