Monday, October 28, 2013

အိန္ဒိယအရှေ့ပိုင်း ပေါက်ကွဲမှုဖြစ်၊ ငါးဦးသေဆုံး


 
 အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ် ပတ်နာ၌ တနင်္ဂနွေနေ့တွင် လူထုအစည်းအဝေးပွဲကြီးတစ်ခု မကျင်းပမီ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားရာ အနည်းဆုံးငါးဦး သေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။ လာမည့်နှစ်တွင် ကျင်းပမည့် အမျိုးသားရွေးကောက်ပွဲတွင် ဘာရာတီယာဂျာနာတာပါတီ (ဘီဂျေပီ)၏ ဝန်ကြီးချုပ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် အတိုက်အခံ နိုင်ငံရေးသမား နာရင်ဒရာမိုဒီ လူထုအစည်းအဝေးသို့ ရောက်မလာမီ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပတ်နာဆေးကောလိပ်နှင့် ဆေးရုံမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ ငါးဦးသေဆုံးသည့်အပြင် ၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၄င်းတို့ကို ဆေးရုံ၌ ကုသပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ကြေညာချက် ထုတ်ပြန်ရာတွင် ယင်းလုပ်ရပ်ကို ရှုတ်ချလိုက်ပြီး တာဝန်ရှိသူများကို ချက်ချင်းဖော်ထုတ် အရေးယူရန် တောင်းဆိုခဲ့သည်။ ဖေ့(စ်)ဘုတ် စာမျက်နှာတွင် မိုဒီက ယင်းပေါက်ကွဲမှု ဖြစ်ရပ်များအတွက် များစွာ ကြေကွဲဝမ်းနည်းကြောင်း ဖော်ပြထားပြီး ၄င်းနှင့်ဆင်းတို့က အေးချမ်းစွာ နေထိုင်ကြပါရန် ပြည်သူများသို့ မေတ္တာရပ်ခံထားသည်။
from CNN

No comments:

Post a Comment