ရ၀မ်ဒါ နိုင်ငံမှာ ရိုးရာ ထုံးထမ်းအစဉ်အလာတွေအရ သေဆုံးသွားတဲ့ ယောက်ျားဖြစ်သူရဲ့ဇနီးကို ဆွေမျိုးသားချင်းတွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ရ ပါတယ်။ ဒါကြောင့် မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့ မိန်းမကို လက်ထပ်ပေါင်း သင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မီယန်ဘီလီရဲ့ ဇနီးဖြစ်သူဟာ သူ့ရဲ့ခင်ပွန်း AIDS ရောဂါပိုး ကူးစက်မှာကို မလိုလားခဲ့ပါဘူး။ ဒါကြောင့် ကမ်ပိုရိုရိုဟာ သားဖြစ်သူ၊ အစ်မဖြစ်သူတို့ နဲ့အတူ ယောက်ျားဖြစ်သူကို ဓားနဲ့ထိုးသတ်မှု ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ သတင်းဟာ ရ၀မ်ဒါ နိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့ဇနီးကို မယူမီ အတောအတွင်းမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ရ၀မ်ဒါနိုင်ငံမှာ လူဦးရေ (၃) ရာခိုင်နှုန်းဟာ HIV ရောဂါ ကူးစက်ခြင်းခံနေ ရတယ်လို့ သိရပါတယ်။
from>>Myawady News

No comments:
Post a Comment