ဒီဝတ်စုံမှာ လှိုင်းထုတ်လွှင့်ပေးနိုင်သော အလွှာပါရှိမှာဖြစ်ပါတယ်။ အင်္ကျီမှာပါရှိတဲ့ အီလက်ထရွန်နစ် နည်းပညာသုံးပစ္စည်းများမှတစ်ဆင့် ဝတ်ဆင်ထားသူရဲ့နှလုံးခုန်နှုန်းတိုင်းတာတွက်ချက်မှာဖြစ်ပြီးတော့ ဒီလို တိုင်းတာသိရှိမှုတွေကို NTT Docomo ရဲ့စမတ်ဖုန်းမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ App ကိုဆက်သွယ်ပေးပို့ပေးမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက အားကစားသမားများအတွက်သာ ရည်ရွယ်တာမဟုတ်ဘဲ သာမန်ဝတ်ဆင်သွားလာနေတဲ့ အဝတ်တွေလို ဝတ်ဆင်သွားလာနိုင်အောင်ပါ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဝတ်စုံမှာပါတဲ့ အာရုံခံကိရိယာ (sensor) တွေက အဝတ်လျှော်စက်မှာ အလျှော်ခံနိုင်မယ်
လို့ မျှော်လင့်ထားကြောင်းနှင့် ယခင်ကထုတ်ဖော်ပြသခဲ့သော ရှေ့ပြေးပုံစံမှာတုန်းကတော့ ဒီလိုမျိုးအလျှော်ခံကြောင်း ပြသခဲ့ပါတယ်လို့ ထုတ်လုပ်သူများဘက်က ပြောဆိုပါတယ်။ လက်ရှိ အချိန်မှာတော့ ပိုမို
ကောင်းမွန်စေရန် ပြင်ဆင်နေကြောင်းနဲ့ မကြာခင်ဈေးကွက်မှာ တင်သွင်းရောင်းချတော့မယ်လို့ သိရပါတယ်။
from>>Internet Journal

No comments:
Post a Comment