ဂြိုဟ် ၆ လုံး၏လှုပ်ရှားမှုအားတိကျစွာဖော်ပြပေးနိုင်မည့် သိန်းနှစ်ထောင်ကျော်နာရီ

Van
Cleef & Arpels ဟုအမည်ပေးထားသော စိန်ရွှေရတနာနှင့် ရေမွှေး Company သည်
၁၉၇၀ မှစတင်ခဲ့ကာ နာရီထုတ်လုပ်ခြင်းတွင် အတွေ့အကြုံများစွာရှိသော
ဒက်ခ်ျနာရီ Company တစ်ခုဖြစ်သည့် Christiaan Van Der Klaauw
နှင့်ချိတ်ဆက်ကာ Midnight Planetarium ဟု အမည်ပေးထားသော
နာရီကိုထုတ်လုပ်ခဲ့ကြပါသည်။ အဆိုပါနာရီသည် ကျွန်ုပ်တို့ နေအဖွဲ့အစည်းတွင်
ပါဝင်သော ဂြိုဟ် ၆ လုံး၏ လှည့်ပတ်နေမှုကို တိကျစွာဖော်ပြပေးနိုင်သည်ဟု
သိရပါသည်။
Midnight Planetarium နာရီသည် ဒီဇိုင်းပိုင်းဆိုင်ရာနှင့်
အင်ဂျင်နီယာပိုင်းဆိုင်ရာတို့ ပေါင်းစပ်၍ အံသြဖွယ်ကောင်းပြီး
လှပသေသပ်စွာဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ နာရီတွင် အဖိုးတန်
ကျောက်တုံးပေါင်း ၃၉၆ တုံးပါဝင်ပြီး ၄င်းတို့ကို နာရီမျက်နှာပြင်ပေါ်တွင်
ထည့်သွင်းမြုပ်နှံထားပါသည်။ သို့သော် နာရီအနေဖြင့် ဂြိုဟ် ၆ လုံးကိုသာ
ဖော်ပြထားနိုင်ပြီး ၄င်းတို့မှာ မာကျူရီ၊ဗီးနပ်စ်၊ကမ္ဘာ၊မားစ်၊ဂျူပီတာနှင့်
စေတန်ဂြိုဟ်တို့ ဖြစ်ကြပါသည်။
ဂြိုဟ်တစ်ခုချင်းစီကို ကျောက်တုံးတစ်တုံးစီဖြင့် ဖော်ပြရာတွင်
အရောင်များဖြင့် ခွဲခြား ဖော်ပြထားပါသည်။ အခြားသောဂြိုဟ်နှစ်ခုဖြစ်သော
Uranus နှင့် Neptune ဂြိုဟ်တို့အား ၄င်းတို့၏ ရှည်လျားသော
ပတ်လမ်းများကြောင့် နာရီတွင် ထည့်သွင်းဖော်ပြရန်မဖြစ်နိုင်ခြင်းကြောင့်
ချန်လှပ်ထားခဲ့ခြင်း ဖြစ်ပါသည်။
နာရီပြုလုပ်သူများအနေဖြင့် ယခုကဲ့သို့ ထွက်ရှိလာရန် ၃
နှစ်ခန့်အချိန်ယူခဲ့ရပြီး နာရီ၏ ဈေနှုန်းမှာ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ
245000 ဖြစ်ပါသည်။
from>>TechSpace Journal
No comments:
Post a Comment