အမေရိကန်စစ်တပ်က
စမတ်ရိုင်ဖယ် ထုတ်လုပ်သည့် Tracking Point ကုမ္ပဏီမှ နည်းပညာမြင့် ရိုင်ဖယ်
ခြောက်လက်ကို ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်။ မိမိတို့၏
ရည်မှန်းချက်မှာ ပစ်မှတ်၏ အရေးပါမှုကို စတင်ရှာဖွေလိုခြင်းနှင့်
နည်းပညာများအသုံးပြုရန် ရည်မှန်းထားခြင်းတို့ဖြစ်ကြောင်း စစ်တပ်၏ ပရိုဂရမ်
အမှုဆောင် အရာရှိ ပြောရေးဆိုခွင့်ရှိသူ Alton Stewart ပြောကြားခဲ့သည်။
Tracking Point ၏ နည်းပညာမြင့် ရိုင်ဖယ်များကို ပြီးခဲ့သည့်နှစ်က မိတ်ဆက် ပြသခဲ့ပြီး ၎င်းတွင် built-in ကွန် ပျူတာများ ပါဝင်ကြောင်းသိရှိရသည်။ ရိုင်ဖယ်အသုံးပြုသူ အနေဖြင့် ကိုက် ၂,၅၀၀ အကွာမှ ပစ်မှတ်များကို ပစ်ခတ် နိုင်စွမ်းရှိကာ ထိုအကွာအဝေးသည် ဘောလုံးကွင်း ၁၂ ကွင်းစာခန့်ရှိသည်။ စမတ်ရိုင်ဖယ်တွင် မောင်းဆွဲရာ၌ လမ်းညွှန်မှုပေးခြင်းနှင့် ခြေရာခံ မှန်ပြောင်းတို့ ကဲ့သို့ နည်းပညာများ ပါဝင်သောကြောင့် ရွေ့လျားနေသော ပစ်မှတ်များကို ခြေရာခံကာ ပစ်ခတ်နိုင်မည် ဖြစ်သည်။
စမတ်ရိုင်ဖယ် အသုံးပြုသူများသည် ပစ်မှတ်ကို tag လုပ်ပြီး မောင်းဆွဲလိုက်လျှင် ပစ်မှတ်အကွာ အဝေး၊ လေဖိအားနှင့် လေတိုက်အား စသည်တို့ကို တွက်ချက်ပေးကာ ပစ်ခတ်ရမည့် အချိန်ကို စမတ်ရိုင်ဖယ်က ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
Ref: CNET
from>>Myanma Spectrum

No comments:
Post a Comment