Sunday, February 2, 2014

ထိုင်းရွေးကောက်ပွဲမဲပေးသူ ၈၀ ရာနူန်းကျော်ရှိ

အစိုးရနှင့်အတိုက်အခံတို့ကြား တင်းမာမူများမြင့်တက်လျက်ရှိသော်လည်း ယနေ့ပြုလုပ်သောရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း၏ ၈၀.၈၈ ရာခိုင်နူန်း
မဲပေးနေကြကြောင်း ရွေးကောက်ပွဲပြုလုပ်ရေးကော်မရှင်ကထုတ်ပြန်သည်။

အချို့နေရာများတွင်မဲရုံများပိတ်ခဲ့ရပြီးဘန်ကောက်မြို့ လက်စီ (Lak Si ) ၊ ရစ်ချက်တ၀ီ (Ratchathewi ) ၊ ဒင်းဒန် (Din Daeng ) ၊ ဘန်ကီ (Bang Ke ) တို့တွင်
မဲရုံများ ပိတ်ခဲ့ရသည် ။ထိုသို့ပိတ်ခဲ့ရခြင်းမှာ မဲစာရွက်များအချိန်မီမရောက်ရှိခြင်း်း ၊ အတိုက်အခံများ၏ ပိတ်ဆို့ခြင်း၊မဲရုံဝန်ထမ်းအရေအတွက်မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ကြောင်းထိုင်းသတင်းများ ကဖော်ပြကြသည်။ထိုသို့ပိတ်ခဲ့ရသောကြောင့် မဲပေးလိုသူများကလည်း မဲပေးလိုကြောင်း အော်ဟစ်တောင်းဆိုနေကြသည်ကိုတွေ့ရသည်။

ယမန်နေ့က အတိုက်အခံများနှင့် အစိုးရထောက်ခံ
သူများကြား ပစ်ခတ်မူများဖြစ်ပွားခဲ့သော လက်စီ (Lak Si )တွင် နေထိုင်အလုပ်လုပ်ကြသော မြန်မာများကလည်း ယနေ့အပြင်မထွက်ကြဘဲ အခြေနေကိုစောင့်ကြည့်နေကြကြောင်း
လက်စီတွင်နေထိုင်သည့် မရူ့ယဉ်ကပြောသည်"ကျွန်မတို့အပြင်မထွက်တာ နှစ်ရက်ရှိပြီ  "ဟု ၄င်းကဆိုသည် ။

ပစ်ခတ်မူများ ဖြစ်ပွားခဲ့သောကြောင့် သတိနှင့်နေထိုင်ကြရန် မြန်မာအချင်းချင်းသတိပေးမူများ ပြုလုပ်လျက်ရှိကြောင်း
မဖြစ်မနေအပြင်ထွက်ရပါက ပြသနာဖြစ်သည့်လမ်းမမှမသွားဘဲ အတွင်းလမ်းကြားများမှသာ သွားလာကြကြောင်း ၄င်းကဆိုသည်။

ယနေ့ကျင်းပသောရွေးကောက်ပွဲတွင်
မဲပေးခွင့်ရှိသူ စုစုပေါင်း ၄၉ သန်းရှိပြီး စုစုပေါင်းမဲဆန္ဒနယ် ၃၇၅ နယ်ရှိကြောင်းသိရသည်။
သို့သော်လည်း မဲဆန္ဒနယ် ၂၈ နေရာကို ဆန္ဒပြ
သူများက ပိတ်ဆို့ထားသည့်အတွက် ကိုယ်စားလှယ်လောင်းများစာရင်းပေးခွင့်မရခဲ့ပေ။

ထိုနေရာများတွင် သင့်တော်သည့်အချိန်တွင်ကြားဖြတ်ရွေးကောက်ပွဲများကျင်းပပေးမည်ဟုသိရသည် ။
ဘန်ကောက်တွင် မဲဆန္ဒနယ် ၃၃ ခုရှိပြိး မဲရုံအရေအတွက် ၆၆၇၁ ခုရှိသည်။ထိုင်းတစ်နိုင်ငံလုံးတွင်မူ
မဲရုံအရေအတွက်စုစုပေါင်း ၉၃၃၀၅ ရုံရှိကြောင်းရိုက်တာသတင်းဌာနတွင်ဖော်ပြထားသည်။

ယနေ့ပြုလုပ်သောေ၇ွးကောက်ပွဲကို နံနက် ၈ နာရီမှ နေ့လည်သုံးနာရီအထိ ပြုလုပ်ခဲ့ပြိးရွေးကောက်ပွဲရလဒ်ကိုကြေညာရန်မှာမူအချိန်များစွာစောင့်ရဦးမည်ဟု ရွေးကောက်ပွဲစောင့်ကြည့်သူများက ခန့်မှန်းကြသည်။

from>> Popular Myanmar News Journal

No comments:

Post a Comment