Sunday, February 2, 2014

ဆီးဂိမ်း ကိုယ်စားပြု သံတမန် ခန့်အပ်မည့် Miss 27th Sea Games Myanmar ပြိုင်ပွဲကျင်းပမည်

Miss 27 th Sea Games Myanmar ရွေးချယ်ပွဲကို မတ်လ ၃ဝ ရက်နေ့ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး ရွေးချယ် ခံရသူ ကို 27th Sea Games ကိုယ်စားပြု သံတမန်အဖြစ် ခန့်အပ်မည် ဖြစ်ဟု Miss 27th Sea Games Myanmar ကော်မတီ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုအောင်မွန်ထွေးက မဇ္ဈိမကို ပြောသည်။

Miss 27th Sea Games Myanmar ရွေးချယ်ပွဲကြီးကို Myanmar Tourism services မှ တာဝန်ယူ လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါပွဲက မြန်မာနိုင်ငံအတွက် ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် Volunteer အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာနိုင်ငံကို ကိုယ်စားပြုသော အလံကိုင် အလှမယ်များအတွက် လုပ်ဆောင်ပေးသည့် ပွဲတစ်ခု ဖြစ်သည်ဟု ကိုအောင်မွန်ထွေးက ပြောသည်။

ကိုအောင်မွန်ထွေး က " ၂၇ကြိမ်မြောက် ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ အလုပ်အကိုင် အလှမယ် တွေကို မြေတောင်မြှောက်ပေး ချင်တဲ့ ရည်ရွယ်ချက် နဲ့ အဓိက လုပ်ဆောင် တာပါ။ သူတို့ အားလုံးက ပရဟိတ နဲ့ ပါဝင်ခဲ့ကြတဲ့ သူတွေလဲ ဖြစ်တယ်။ စည်းကမ်းချက်တွေ သတ်မှတ်ထားတာတော့ သိပ်မရှိပါဘူး။ သူတို့က အရည်အချင်းတွေ ပြည့်မှီ ပြီးသား လူတွေလဲ ဖြစ်ပါတယ်" လို့ ပြောသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ မှာ Volunteer အဖြစ် ပါဝင်ခဲ့ကြသည့် မြန်မာနိုင်ငံကို ကိုယ်စားပြုသော အလံကိုင် အလှမယ် ၃၃ယောက် ရှိပြီး ထို ၃၃ယောက်ထဲမှ Miss 27 th Sea Games Myanmar ကို အဆင့်ဆင့် ရွေးချယ် သွားမည်ဖြစ်သည်။

Miss 27 th Sea Games Myanmar ရွေးချယ် ခံရ သူ ကို 27th Sea Games ကိုယ်စားပြု သံတမန် အဖြစ် ခန့်အပ်မည်ဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် စင်္ကာပူ၌ ကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကိုလည်း စေလွှတ်မည်ဖြစ်သည်။

Miss 27th Sea Games Myanmar အတွက် ကျပ် သိန်း ၃ဝနှင့် Gift Voucher ချီးမြှင့်မည်ဖြစ်ပြီး ၊ 1st Runner upကို ကျပ် ၁၅သိန်းနှင့် Gift Voucher ၊ 2nd Runner up ကို ကျပ် ၁ဝ သိန်းနှင့် Gift Voucher ၊ နှစ်သိမ့်ဆု ကိုတော့ ကျပ် ၂သိန်းနှင့် Gift Voucher ချီးမြှင့်မည်ဖြစ်သည်။
from>>Mizzima - News in Burmese

No comments:

Post a Comment