မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်မှုတွင်
လျော်ကြေးမရသေးသည့် လယ်သမားများက လျော်ကြေးများ
တာဝန်ယူဖြေရှင်းမည့်သူမရှိသဖြင့် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်လျက် ရှိသည်ဟု ယင်းလယ်သမားများက ဖေဖော်ဝါရီ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
မဒေးကျွန်းဒေသတွင် လျော်ကြေးမရသေးသည့် လယ်သမားတစ်ရာကျော်ရှိပြီး လယ်ဧကမှာ ၂၄၀ ခန့် ရှိသည်ဟု ယင်းလယ်သမားများက ပြောသည်။
စွမ်းအင်ဝန်ကြီးဌာနကမူ မြန်မာ-တရုတ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းသွယ်တန်းရာတွင် လျော်ကြေးပြဿ နာနှင့် ငွေပေးချေမှုများမှာ ၂၀၁၂နှင့် ၂၀၁၃ ခုနှစ်ကတည်းက ပေးချေပြီးဖြစ်သည်ဟု ဖေဖော်ဝါရီ ၄ ရက် က ထုတ်ပြန်ကြေညာချက်အပေါ် ဆန္ဒပြရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
“CNPC ကုမ္ပဏီကို ပြောတော့ လယ်သမားတွေကို MOGE နဲ့ရှင်းလို့ ပြောတယ်။ အခု စွမ်းအင်ဝန်ကြီးက လည်း လယ်ယာတွေအတွက် လျော်ကြေးပေးစရာမရှိတော့ဘူးဆိုရ င် ကျွန်တော်တို့ကို ဘယ်သူတာဝန် ယူပေးမလဲ”ဟု မဒေးကျွန်းဒေသ လယ်ယာမြေများ လျော်ကြေးရရှိရေး ဦးဆောင်သူ ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သို့ ပြည်ထောင်စုသမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ စွမ်းအင်ဝန်ကြီး ဦးသန်း ဌေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ကျောက်ဖြူဒေသခံအဖွဲ့အစည်းများနှ င့် ၂၀၁၃ မေ လအတွင်းက တွေ့ဆုံစဉ် ယင်းမြေယာများ သိမ်းဆည်းခံရမှု၊ လျော်ကြေးပြန်လည်ရရှိရေးအတွက် ညှိ နှိုင်းပေးမည်ဟု ပြောကြားခဲ့သည်။
ယင်းသို့ လျော်ကြေးမရရှိသေးသော လယ်သမားများအနေဖြင့် မတ်လအတွင်းတွင် ဆန္ဒထုတ်ဖော် တောင်းဆိုရန် ပြင်ဆင်ထားသည်ဟု ဦးထွန်းကြည်က ဆိုသည်။
မဒေးကျွန်းတွင် တည်ဆောက်လျက်ရှိသည့် ရေနံတင်သင်္ဘောဆိပ်ကမ်း၊ ရေနံလှောင်ကန်၊ ဓာတ်ငွေ့ ထိန်းချုပ်အဆောက်အအုံ၊ ဓာတ်ငွေ့ထုတ်စခန်းနှင့် ချည်းကပ်ကားလမ်းများ ဆောက်လုပ်ရန်အတွက် အသုံးပြုခဲ့သော မြေယာများအတွက် ကျပ်သိန်း ၅၆၀ ကို လျော်ကြေးပေးပြီးဖြစ်သည်ဟု စွမ်းအင်ဝန်ကြီး ဌာနက ဖော်ပြထားသည်။
မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း
အကောင်အထည်ဖော်သည့် မဒေးကျွန်းဒေသတွင် လျော် ကြေးမရရှိသော လယ်ယာမြေများမှာ
CNPC ကုမ္ပဏီက ဆောက်လုပ်လျက်ရှိသည့် ရေနံတင်သင်္ဘော ဆိပ်ကမ်း၊
ရေနံသိုလှောင်ကန်များ ဆောက်လုပ်ထားသည့် မြေယာများဖြစ်ပြီး စုစုပေါင်းဧက ၂၄၀
ကျော် ရှိသည်ဟု ဒေသခံများက ဆိုသည်။
မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း
အကောင်အထည်ဖော်မှုတွင် အသုံးပြုခဲ့သော မြေယာများ လျော်ကြေး
ပြန်လည်ရရှိရေးအတွက် မဒေးကျွန်းဒေသခံများအနေဖြင့် ၂၀၁၃ ဧပြီလမှစတင်ကာ ဆန္ဒ
ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်သူ ၁၀ ဦးမှာ ပုဒ်မ ၁၈ ဖြင့်
ဖမ်းဆီးခံရပြီး ထောင်သုံးလကျခံခဲ့ ပြီးဖြစ်သည်။
မြန်မာနိုင်ငံ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံကူမင်းမြို့ထိ သွယ်တန်းမည့် မြန်မာ-တရုတ်သဘာဝဓာတ် ငွေ့ပိုက်လိုင်းကို ၂၀၀၉ ခုနှစ်တွင်စတင်ခဲ့ပြီး မြေယာသိမ်းဆည်းမှုများမှာ ယင်းကတည်းက စတင်ခဲ့ သည်။ လက်ရှိတွင် မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ၂၀၁၃ ခုနှစ်၊ ဇွန်အတွင်းမှ စတင်၍ ဓာတ်ငွေ့ပို့လွှတ်နေပြီဖြစ်သည်။
from>> Mizzima - News in Burmese
မဒေးကျွန်းဒေသတွင် လျော်ကြေးမရသေးသည့် လယ်သမားတစ်ရာကျော်ရှိပြီး လယ်ဧကမှာ ၂၄၀ ခန့် ရှိသည်ဟု ယင်းလယ်သမားများက ပြောသည်။
စွမ်းအင်ဝန်ကြီးဌာနကမူ မြန်မာ-တရုတ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းသွယ်တန်းရာတွင် လျော်ကြေးပြဿ နာနှင့် ငွေပေးချေမှုများမှာ ၂၀၁၂နှင့် ၂၀၁၃ ခုနှစ်ကတည်းက ပေးချေပြီးဖြစ်သည်ဟု ဖေဖော်ဝါရီ ၄ ရက် က ထုတ်ပြန်ကြေညာချက်အပေါ် ဆန္ဒပြရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
“CNPC ကုမ္ပဏီကို ပြောတော့ လယ်သမားတွေကို MOGE နဲ့ရှင်းလို့ ပြောတယ်။ အခု စွမ်းအင်ဝန်ကြီးက လည်း လယ်ယာတွေအတွက် လျော်ကြေးပေးစရာမရှိတော့ဘူးဆိုရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သို့ ပြည်ထောင်စုသမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ စွမ်းအင်ဝန်ကြီး ဦးသန်း ဌေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ကျောက်ဖြူဒေသခံအဖွဲ့အစည်းများနှ
ယင်းသို့ လျော်ကြေးမရရှိသေးသော လယ်သမားများအနေဖြင့် မတ်လအတွင်းတွင် ဆန္ဒထုတ်ဖော် တောင်းဆိုရန် ပြင်ဆင်ထားသည်ဟု ဦးထွန်းကြည်က ဆိုသည်။
မဒေးကျွန်းတွင် တည်ဆောက်လျက်ရှိသည့် ရေနံတင်သင်္ဘောဆိပ်ကမ်း၊ ရေနံလှောင်ကန်၊ ဓာတ်ငွေ့ ထိန်းချုပ်အဆောက်အအုံ၊ ဓာတ်ငွေ့ထုတ်စခန်းနှင့် ချည်းကပ်ကားလမ်းများ ဆောက်လုပ်ရန်အတွက် အသုံးပြုခဲ့သော မြေယာများအတွက် ကျပ်သိန်း ၅၆၀ ကို လျော်ကြေးပေးပြီးဖြစ်သည်ဟု စွမ်းအင်ဝန်ကြီး ဌာနက ဖော်ပြထားသည်။
မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လ
မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လ
မြန်မာနိုင်ငံ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံကူမင်းမြို့ထိ သွယ်တန်းမည့် မြန်မာ-တရုတ်သဘာဝဓာတ် ငွေ့ပိုက်လိုင်းကို ၂၀၀၉ ခုနှစ်တွင်စတင်ခဲ့ပြီး မြေယာသိမ်းဆည်းမှုများမှာ ယင်းကတည်းက စတင်ခဲ့ သည်။ လက်ရှိတွင် မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လ
from>> Mizzima - News in Burmese
No comments:
Post a Comment