
ကမ္ဘာပေါ်တွင်
နိုင်ငံ အသီးသီး၌ ကလေး များနေ့ကို ရည်ရွယ်ချက် အမျိုး မျိုးနှင့် ရွေးချယ်
ကျင်းပကြသည်ကို စာဖတ်သူတို့ သိကြပြီး ဖြစ်ပါလိမ့်မည်။ ကမ္ဘာ့ ကုလသမဂ္ဂ
အဖွဲ့ကြီးကတော့ နိုင်ငံတကာ ကလေးများနေ့ ဆိုပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့ ကို
သတ်မှတ် ထားတာတွေ့ရ သည်။
မြန်မာနိုင်ငံ ကတော့ ကလေးများ နေ့ကို
ဇွန်လ ၁ ရက်နေ့ကိုပဲ သတ်မှတ် ထားသလား၊ ဖေဖော်ဝါရီလ ၁၃ ရက်
(ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ) ကိုပဲ သတ် မှတ်ထား သလား ယခုတိုင် သဲသဲကွဲကွဲ
မရှိ။ အစိုးရကလည်း ဘယ်နေ့ ကဖြင့် မြန်မာနိုင်ငံရဲ့ ကလေး များနေ့လို့ ထင်
ထင်ပေါ်ပေါ် သတ်မှတ် ထားတာမတွေ့ ရ။ သို့ဆိုလျှင် အမျိုးသား ခေါင်းဆောင် ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် ၍ အစိုးရကို ပြည်သူလူထုက တောင်း
ဆိုချင်နေတာ နှစ်ခု ရှိနေပြီဟု ဆိုရမည်။ သည် နှစ်ခုက ဗိုလ်ချုပ် အောင်ဆန်း
ရုပ်ပုံများပါဝင်သော မြန်မာကျပ်ငွေ စက္ကူများ ပြန်လည် ရိုက်နှိပ်လည်ပတ်
သုံးစွဲရေး ကိစ္စနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ဖြစ်သော ဖေဖော် ဝါရီလ
၁၃ ရက်နေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် အစိုးရက တရားဝင်သတ်မှတ်
ပေးရန် ဖြစ်သည်။
ပြောရလျှင် အစိုးရ သည်လည်း လူထုထဲက
ဖြစ်လာသည့်၊ လူထုတင် မြှောက်ထားသည့် အစိုးရ ဖြစ်လေတော့ လူထုဖြစ်ချင်တာ၊
လူထု အလိုရှိတာကို ဆောင်ကြဉ်းပေး လိမ့်မည် ဟု အများစု က တွေးကြ၊ ပြောကြသည်။
သို့သော် ဤတောင်းဆိုချက် နှစ်ခုသည် ယခုတိုင် အစိုးရက ရေငုံနှုတ်ပိတ်၊
ဝေ့လည် ကြောင်ပတ် အဖြေများနှင့်သာ မသိချင် ယောင်ဆောင် နေတာ ကြာပြီဖြစ်သည်။
ကလေးများနေ့ သတ်မှတ်ကြပုံ
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှာ မဆို
ကလေးတွေ ရှိကြသည်မို့ ကလေး တွေ ပျော်ရွှင်ဖို့၊ ကလေးတွေ ကို ဂုဏ် ပြုဖို့
ကလေး များနေ့ကို သတ်မှတ်ထား ကြသည်။ ထိုနေ့မှာ ကလေးတွေကို
ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင် မိဘများက တိရစ္ဆာန် ဥယျာဉ်တွေ၊ ကလေးကစား
ကွင်းတွေကို ပို့ပေးကြသည်။ တချို့နိုင်ငံ များမှာ ဆိုလျှင် ကလေး များနေ့
မှာ ကလေး တွေ အကြောင်း ရိုက်ထားသည့် ရုပ်ရှင်ကား တွေ၊ ကာတွန်းကားတွေပြပြီး
ကလေး ရုပ်ရှင်ပွဲတော် များပင် ကျင်းပပေးပြီး ကလေးတွေ ကို ပျော်ရွှင်စေ
ကြသည်။
ကလေး များနေ့ကို တချို့နိုင်ငံ များ ကတော့
ရိုးရာဓလေ့ ပွဲတော်လို ကျင်းပ ပေးတာလည်း ရှိသည်။ ဂျပန်နိုင်ငံမှာ ဆိုလျှင်
ကလေးများနေ့ကို တစ်နေ့ တည်း တောင် မဟုတ်။ မိန်းကလေး များနေ့နှင့်
ယောက်ျားလေး များနေ့ဆိုပြီး ကလေး များနေ့ နှစ်နေ့တောင် ရှိနေသည်။ ဟိုး
ဆာမူရိုင်းခေတ် ကပင် ကျင်းပခဲ့တာဖြစ် သည်။ ၁၉၄၈ ခုနှစ်မှ စ၍ ဂျပန်နိုင်ငံ
တွင် ယောက်ျား ကလေးများ အတွက် သတ်မှတ်ပေး ထားသော မေလ ၅ ရက် နေ့ကို ကလေး
များနေ့ အဖြစ် သတ်မှတ် ပြီး ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးခဲ့ သည်။ တချို့က
မိန်းကလေး များနေ့ ဖြစ်သော မတ်လ ၃ ရက်နေ့ကို ဂျပန် နိုင်ငံကလေး
များနေ့အဖြစ် ဘာကြောင့် မသတ်မှတ်သလဲ ဟု မေးခွန်း ထုတ်တာ တွေလည်း ရှိသည်။
ဂျပန်က ကလေးများ နေ့ကို (မိန်းကလေးများ အတွက်) မတ် လ ၃ ရက်တွင် လည်း
ကျင်းပပေးသည်။ ထိုနေ့မှာ ဂျပန် မိန်းကလေး ငယ် များ အတွက် အရုပ် ပွဲတော်
ရှိသလို ယောက်ျား လေးများ အတွက် သတ်မှတ်ပေးထား သော မေလ ၅ ရက်နေ့ မှာလည်း ဆာ
မူရိုင်း အရုပ်ပွဲတော် လုပ်ပေးသည်ဟု ဆို သည်။
အာဆီယံနိုင်ငံများရဲ့ ကလေးများနေ့
အာဆီယံနိုင်ငံတွေ မှာ ကလေးများ နေ့တွေ
သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံ မှာဆိုလျှင် နှစ်စဉ် ဇန်နဝါရီလ၏ ဒုတိယ ပတ်
စနေနေ့ကို သတ်မှတ်ထားသည်။ ဖိလစ်ပိုင် ကမူ ကုလသမဂ္ဂက သတ်မှတ် ပေးသော နိုဝင်ဘာ
၂ဝ ရက်နေ့ကိုပင် ကလေး များနေ့ သတ်မှတ် ထားသည်။ အင်ဒိုနီးရှား က ဇူလိုင်လ
၂၃ ရက်နေ့ ကို သတ်မှတ်သည်။ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့က
ဇွန်လ ၁ရက် နေ့ကို သတ်မှတ်ထားကြောင်း ဝီကီပီးဒီး ယားမှာ ဖော်ပြထားတာ
တွေ့ရသည်။ မလေးရှား ကမူ နိုဝင်ဘာ ပထမပတ် စနေနေ့ကို သတ်မှတ်သည်။
ကလေးများနေ့ သတ်မှတ်ကြပုံ
သမိုင်းကြောင်းတွေ ကလည်း မတူကြ။ အမေရိကန် ပြည်ထောင်စု ကမူ ၁၈၈၃ ခုနှစ်မှစ၍
ကလေး များနေ့ သတ်မှတ် ခဲ့သည် ဟုဆို သည်။ ၁၉၅ဝ ပြည့်နှစ် ကစ၍ ဇွန်လ ၁
ရက်နေ့ကို ကလေး များ နေ့ သတ်မှတ် ရန် ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့က
ရုရှားနိုင်ငံ မော်စကို မြို့တွင် ကျင်းပ ခဲ့သော နိုင်ငံ တကာ အမျိုးသမီး
များ အဖွဲ့ချုပ် ညီလာခံ ကြီးက သတ်မှတ်ပေး ခဲ့သည်ဟုလည်း သိရသည်။
သို့ကြောင့်လည်း ကမ္ဘာ့ အရှေ့ ခြမ်းနိုင်ငံ များတွင် ဇွန်လ ၁ ရက်နေ့ ကို
ကလေး များနေ့ သတ်မှတ် ထားတာ တွေ့ရသည်။
ကလေးများနေ့ သတ်မှတ်ရသည့် ဦးတည်ချက်
နိုင်ငံတကာတွင် ကလေးများနေ့ သတ်မှတ်ပုံတွေ
ကွဲပြားကြသလို၊ အယူ အဆတွေလည်း ကွဲပြားတာ တွေ့ရသည်။ ကုလသမဂ္ဂ UNHCR ကမူ
ကလေးများ နေ့ သတ် မှတ်ရန် အတွက် ပြဋ္ဌာန်းချက် (၁ဝ) ချက် ချမှတ်ပေးသည်။
(၁) ကလေးသူငယ်များ အားလုံး သနားကြင်နာမှုကို ခံစားနိုင်ရန်။
(၂) ကလေးသူငယ်များ အားလုံး အာ ဟာရလုံလောက်စွာ ရရှိနိုင်ရန်။
(၃) ကလေးသူငယ်များအားလုံး မျိုး ရိုးဆက်ခံနိုင်ခွင့် ရှိရန်။
(၄) ကလေးသူငယ်များအားလုံး အခ မဲ့ ပညာသင်ကြားခွင့် ရှိရန်။
(၅) ကလေးသူငယ်များအားလုံး နား နေချိန်နှင့်ပျော်ရွှင်စွာ အသက် ရှင်ခွင့် ရရှိရန်။
(၆) ကလေးသူငယ်များအားလုံး၏ စွမ်း ရည်များကို ဖော်ထုတ်ပေးရန်။
(၇) ကလေးငယ်များအခက်အခဲ ကြုံ တွေ့ရပါက အမြန်ဆုံး အကူအ ညီပေးရန်။
(၈) မသန်စွမ်းသူ ကလေးငယ်များကို ကူညီပေးရန်။
(၉) ကလေးငယ်များအား လူမျိုး၊ ဘာ သာခွဲခြားခြင်း မပြုရန်။
(၁ဝ) ကလေးသူငယ်များကို ကမ္ဘာအ ရပ်ရပ်ရှိ လူမျိုးများနှင့် ဆက် သွယ် ပေးရန်တို့ဖြစ်သည်။
(၂) ကလေးသူငယ်များ အားလုံး အာ ဟာရလုံလောက်စွာ ရရှိနိုင်ရန်။
(၃) ကလေးသူငယ်များအားလုံး မျိုး ရိုးဆက်ခံနိုင်ခွင့် ရှိရန်။
(၄) ကလေးသူငယ်များအားလုံး အခ မဲ့ ပညာသင်ကြားခွင့် ရှိရန်။
(၅) ကလေးသူငယ်များအားလုံး နား နေချိန်နှင့်ပျော်ရွှင်စွာ အသက် ရှင်ခွင့် ရရှိရန်။
(၆) ကလေးသူငယ်များအားလုံး၏ စွမ်း ရည်များကို ဖော်ထုတ်ပေးရန်။
(၇) ကလေးငယ်များအခက်အခဲ ကြုံ တွေ့ရပါက အမြန်ဆုံး အကူအ ညီပေးရန်။
(၈) မသန်စွမ်းသူ ကလေးငယ်များကို ကူညီပေးရန်။
(၉) ကလေးငယ်များအား လူမျိုး၊ ဘာ သာခွဲခြားခြင်း မပြုရန်။
(၁ဝ) ကလေးသူငယ်များကို ကမ္ဘာအ ရပ်ရပ်ရှိ လူမျိုးများနှင့် ဆက် သွယ် ပေးရန်တို့ဖြစ်သည်။
ဒါက ကုလသမဂ္ဂက ပြဋ္ဌာန်းပေး သော အချက်များပါ။
မိမိ တို့နှင့် နယ်နိမိတ်ချင်း၊ ယဉ်ကျေး
မှုချင်း၊ နယ်ချဲ့လက်အောက် မှလွတ်မြောက် ရေးလှုပ်ရှားမှု သမိုင်းကြောင်းချင်း
တူညီ နေသော အိန္ဒိယနိုင်ငံ မှာတော့ အမျိုး သား ခေါင်းဆောင်ကြီး ပဏ္ဍစ်
ဂျဝါဟလာနေ ရူး၏ မွေးနေ့ဖြစ်သော နိုဝင်ဘာ ၁၄ ရက်နေ့ ကို အိန္ဒိယနိုင်ငံ၏ ကလေး
များ နေ့အဖြစ် သတ်မှတ်ထားသည်။
ထိုနေ့မှာ ကလေး များကို နေရူး အကြောင်းတွေ
ဟောပြောကြသည်။ သီ ချင်းကဗျာတွေ ရွတ်ကြသည်။ ကလေး တို့အတွက် ပျော်ရွှင်စရာတွေ
ဖန်တီး ပေးသလို အိန္ဒိယ ယဉ်ကျေးမှု ကို တန်ဖိုးထား ဂုဏ်ယူတတ်အောင် ဖော်ထုတ်
တင်ဆက်ပေးတာတွေ လုပ်ကြသည်။ ဘာကြောင့် ဒီနေ့ကို ကလေး များနေ့ သတ်မှတ်ပါသ လဲ
မေး ကြည့်တော့ သူ တို့ အိန္ဒိယပြည်ကြီး အတွက် မျှော်လင့် ချက် အသစ်တွေ
ယူဆောင်ပေးလာသူ မို့ပါတဲ့။
သည်လိုဆိုလျှင် ကျွန်တော်တို့ နိုင်ငံက
မြန်မာနိုင်ငံ ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော
ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဘာကြောင့် မသတ်မှတ် ကြသေး တာလဲ မေးစရာရှိ ပါသည်။
အိန္ဒိယမှာ နေရူး မွေးနေ့ကို ကလေးများနေ့ သတ်မှတ်လျှင် မြန်မာ ပြည်မှာရော
ဗိုလ်ချုပ်မွေးနေ့ ကို ကလေး များနေ့ရယ် လို့ အခုချိန် ထိ ဘာကြောင့် အစိုးရက
အသိအမှတ်ပြု မကြေညာ သေးတာလဲ မေးစရာ ရှိပါသည်။
မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မွေးနေ့ ကို
ဗိုလ်ချုပ်မွေးနေ့ ဆိုပြီး အခမ်းအနား ဖြင့် ကျင်းပ ပေးခဲ့ဖူးပါသည်။ ၁၉၄၈
ခုနှစ်တွင် မြန်မာတို့ လွတ်လပ်ရေးရ အ ပြီး ၄ နှစ်အကြာ ၁၉၅၂ ခုနှစ်တွင် ထို
စဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ဗိုလ်ချုပ် မွေးနေ့ အခမ်းအနား ကျင်းပ
ရန် တိုက်တွန်းမှုကြောင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဂျူဗလီဟော ၌ ကျင်းပခဲ့
ကြောင်း ၊ ပထမဆုံး ကျင်းပသော ပွဲဖြစ် ၍ ခြောက်ကပ်ကပ်နိုင် လှကြောင်း၊
နောင်နှစ်များတွင် ခုထက် ပိုစည်ကား လိမ့်မည် ဟုမျှော်လင့်ပါကြောင်း၊ အခု
လို ကျင်းပမှ လည်း လွတ်လပ်ရေး ခေါင်းဆောင်ကြီးကို အမြဲ သတိရပြီး သူ့လမ်း
စဉ်အတိုင်း လုပ်ကိုင်နိုင်ကြ လိမ့်မည်ဖြစ် ကြောင်း၊ နှစ်စဉ်နှစ်တိုင်း လည်း
ဗိုလ် ချုပ်အောင် ဆန်း မွေးနေ့ အခမ်းအနား ကို ဗိုလ်ချုပ်၏ ဂုဏ်အင်္ဂါနှင့်
အညီ ကျင်းပပေးစေ လိုကြောင်း ပြောကြားခဲ့ သည်ကို ဗမာ့ခေတ်နှင့် ဟံသာဝတီ
သတင်း စာများ တွင်ဖော်ပြခဲ့ ဖူး၍ သိရခြင်း ဖြစ် ပါသည်။
၁၉၅၇ ခုနှစ်က ရန်ကုန်မြို့ ဗိုလ်ချုပ်
ပန်းခြံတွင် ကလေးများနေ့ အခမ်း အနား ကျင်းပခဲ့ပုံ၊ ဗိုလ်ချုပ် ကတော်
ဒေါ်ခင်ကြည်က ဘက်စုံ ထူးချွန်သူ ကလေးများကို ဗိုလ်ချုပ်အောင်ဆန်း ပုံ ပါသော
ရွှေတံဆိပ် ဆုများ ချီးမြှင့်ခဲ့ပုံတို့ ကိုလည်း တွေ့ရှိရသည့် အတွက်
ဗိုလ်ချုပ်မွေးနေ့ကို ကလေး များနေ့ အဖြစ် သတ်မှတ် ကျင်းပခဲ့ ဖူးသည် မှာတော့
သေချာပါသည်။
သို့သော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေး
ကောင်စီ အစိုးရတက် လာပြီး နောက်ပိုင်းမှာတော့ ဦးနုရော၊ ဦးအောင်ဆန်း တို့၏
အခန်းကဏ္ဍပါ မှေးမှိန်ခဲ့ ရသည်မို့ ကလေး များနေ့ကို နိုင်ငံတော် အဆင့်
မကျင်းပတော့သည် မှာလည်း ဆန်းလှသည်တော့ မဟုတ် ပါ။
၁၉၈၉ ခုနှစ်တွင် အမျိုးသား ဒီမို ကရေစီ
အဖွဲ့ချုပ်ကို ဗိုလ်ချုပ်အောင် ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က
ထူထောင် လိုက်ပြီးနောက် ပိုင်းမှာတော့ . . .
ဗိုလ်ချုပ် မွေးနေ့ကို ရောက်တိုင်း ကလေးများနေ့ အဖြစ် သတ်မှတ်ပြီး အဖွဲ့
ချုပ်ရုံးမှာ၊ တခြား နယ်မြို့က အဖွဲ့ချုပ်ရုံး တွေမှာပြန်လည်ကျင်းပတာ
တွေ့ရသည်။
ပြီးခဲ့သည့်နှစ်က ဗိုလ်ချုပ်အောင် ဆန်း၏
၉၈ နှစ်မြောက်မွေးနေ့ (က လေးများနေ့) အခမ်းအနားတွင် ဒီမိုက ရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်း စုကြည်က -
‘ကလေးတွေ အနေနဲ့က အဓိက အရေးကြီးတာက
ဖေဖေ့ကို ဘာဖြစ်လို့ ပြည်သူပြည်သားတွေက၊ နိုင်ငံသူ နိုင်ငံ သားတွေက အခုထိ
ချစ်ကြသလဲ၊ မြတ် နိုး ကြသ လဲ၊ လေးစား ကြသလဲ အဲဒါကို စဉ်းစားရမယ်။
ဘာလို့လဲဆိုတော့ ဖေ ဖေဆုံးသွားတာလည်း ကြာပြီ၊ ဖေဖေနေခဲ့ တဲ့ အသက် နဲ့စာလို့
ရှိရင် ဖေဖေ မရှိ တော့တဲ့ အချိန်က အများကြီး ပိုများပါတယ်။ ၃၃ နှစ်
မတိုင်ခင်က ဆုံးသွားခဲ့ တယ်။ အခုထိသာ သက်ရှိထင်ရှားရှိမယ် ဆိုရင် ၉၈ နှစ်၊
ပြီးတော့ ဒီဟာတောင် မှ ကျွန်မ တို့နိုင်ငံ မှာ ဖေဖေ့ကို မမေ့နိုင် တဲ့
အခြေအနေမှာ ရှိတယ်။ အဲဒါ ဘာ ကြောင့် လဲ ဆိုတာကို ကလေးတွေကို
စဉ်းစားစေချင်တယ်။ ကိုယ်လည်း ဒီလို ကိုယ် မရှိတဲ့အချိန် မှာတောင် ဆက် ပြီး
တော့ ကိုယ့်နိုင်ငံ ကို အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်နိုင်အောင်လို့
ဘယ်လို လုပ် ရမလဲဆိုတာ စဉ်းစားကြပါ” ဟု ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မွေးနေ့ ကို မြန်မာနိုင်ငံ
ကလေးများနေ့ဟု သတ်မှတ်ပြီး ဗိုလ်ချုပ် အကြောင်း ပြောဆို အသိပေးခြင်း၊
ဗိုလ်ချုပ်ကို ဂုဏ်ပြုစပ် ဆိုထားသော ကဗျာများကို ရွတ် ဆိုစေခြင်း၊
ယှဉ်ပြိုင် စေခြင်း၊ ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီး များ၏
လွတ်လပ်ရေး အတွက် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကြိုးပမ်းခဲ့ ပုံများကို ကလေး
တို့ကို ပြော ကြားပေးခြင်းဖြင့် ကလေးတို့ အနေဖြင့် တိုင်းချစ်ပြည်
ချစ်စိတ်များ ပိုမိုတိုးမြင့် လာစေခြင်း၊ တစ်ချိန်က ဗိုလ်ချုပ်၏
ပင်ကိုစရိုက်၊ ရိုးသား ပွင့်လင်းမှု၊ တိုင်း ပြည် အတွက်ဆိုလျှင် အသက်ပေး၍
စွန့် လွှတ် စွန့်စားမှုစသည့် သူရဲကောင်း စိတ် ဓာတ်များ ကလေးတို့ ရင်ထဲတွင်
ပိုရှင် သန်လာစေမည် ဖြစ်ပါသည်။
ကလေးများနေ့ သတ်မှတ်ပြီး က လေးတို့ကို
ပြုစု ပျိုးထောင်ပေးသလို ကလေး များကိုလည်း လွတ်လပ်မှုပေး ဖို့ လိုပါသည်။
ကလေး များအား လွတ် လပ်မှုပေးခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က -
‘ကလေးတွေကို ဒီလို စဉ်းစားရ မယ်၊ ဟိုလို
စဉ်းစားရမယ် မပြောချင် ဘူး။ ကိုယ့်ဘာသာ ကိုယ် စဉ်းစား တတ်အောင်လို့
ကြိုးစားကြပါလို့ တိုက် တွန်းချင်ပါတယ်။ လူကြီးတွေ ကလည်း ကလေးတွေ
စဉ်းစားတတ်အောင် ဝိုင်း ဝန်းပြီးတော့ ကူညီကြပါ။ ကလေးတွေ သိချင်တဲ့
စိတ်တွေကို အားပေးကြပါ။ စိတ်မရှည်ဘဲ နဲ့ ဒါတွေ မမေး နဲ့၊ ဟိုဟာ တွေ
မမေးနဲ့၊ သိပ်ပြီးတော့ မေးခွန်း မထူနဲ့ ဆိုတဲ့ပုံစံနဲ့ ကလေးတွေကို မ
ဆက်ဆံပါနဲ့။ ကလေးများ သိချင်တဲ့ စိတ်ရှိမှ၊ တတ်ချင်တဲ့ စိတ်ရှိမှ၊ စူးစမ်း
လေ့လာ ချင် တဲ့ စိတ်ရှိမှ ကျွန်မတို့ နိုင်ငံ အတွက် စိတ်ချရမှာ ဖြစ်ပါတယ်။
ဒါ ကြောင့် ဒီကလေး များနေ့မှာ လူကြီး တွေကလည်း သင်ယူစရာ ရှိတာကို
သင်ယူပြီးတော့ ကလေးတွေ နဲ့ အတူတူ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် ရွှင်လန်း
ဖို့အတွက်၊ ချမ်းမြေ့ဖို့ အတွက်၊ တောက်ပ ဖို့အတွက် ဝိုင်းပြီးတော့
ကြိုးစားကြပါလို့ ကျွန်မ အနေနဲ့ တိုက် တွန်းချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဆိုရလျှင် ပါလီမန် ဒီမိုကရေစီ ခေတ်က
အစိုးရမင်းများ ကိုယ်တိုင် ကလေး များနေ့ရယ်လို့ နိုင်ငံတော်က သတ်သတ်
မှတ်မှတ် ကျင်းပပေးခဲ့ပါလျက် ယခု ပါတီစုံ ဒီမိုကရေစီ အစိုးရလက် ထက်တွင်လည်း
ဗိုလ်ချုပ် မွေးနေ့ကို ကလေး များနေ့ရယ်လို့ နိုင်ငံတော်က သတ်မှတ်
ပေးသင့်ပါကြောင်း၊ မသတ် မှတ်သေးလျှင် လည်း သတ်မှတ်အောင် လွှတ်တော်
ကိုယ်စားလှယ် ကြီးများက အဆို တင်သွင်း သင့်ပြီ ဖြစ်ပါကြောင်း
တင်ပြလိုက်ရပါသည်။
သိန်းအေး
ရည်ညွှန်း-
(၁)မြန်မာနိုင်ငံကလေးများနေ့
(ကွန်ဆူးမား) ဝက်ဘ်ပေ့ခ်ျ
အခြားမှတ်စုမှတ်ရာများ
from>>Popular Myanmar News Journal
No comments:
Post a Comment